Friday, October 10, 2014

ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်

ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံးအသင်းအဖြစ် ဦးဆောင်လျက်ရှိသည်။
Editorial
ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်းသည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။

ထိုနောက်ခံ ကစားငါးဦးအပြင် မန်ယူအသင်း၌ ဟာရဲရား၊ လင်ဂတ်၊ မိုက်ကယ်ကာရစ်နှင့် အက်ရှ်လေယန်းတို့မှာ ဒဏ်ရာရ ရှိလျက်ရှိပြီး အသင်းခေါင်းဆောင်ရွန်နီ မှာ ၀က်စ်ဟမ်းနှင့်ပွဲတွင် အနီကတ် ပြသခံထားရသောကြောင့် နောက်ထပ် ပွဲစဉ်နှစ်ပွဲကို လွဲချော်ရဦးမည် ဖြစ်သည်။
မန်ယူအသင်းသည် ယခုလအကုန်တွင် ပထမပွဲထွက်ကစားသမားအချို့ကို ပြန်လည် ရရှိနိုင်မည်ဖြစ်သော်လည်း နိုင်ငံတကာ ပွဲစဉ်များကြောင့် ဒဏ်ရာရစာရင်းမှာ ထပ်တိုးလာဖွယ် ရှိနေသေးသည်။ မန်ယူအသင်း၏အဓိက ကစားသမား များဖြစ်သော ရွန်နီ၊ ဗန်ပါစီ၊ ဒီဂီယာ၊ ဒီမာရီယာ၊ ရိုဟို၊ ဒါလေဘလင်း တို့မှာ ယခုတစ်ပတ် တွင် နိုင်ငံတကာပွဲများ ကစားကြမည် ဖြစ်သည်။
မန်ယူအသင်း၏နောက်တွင် အာဆင်နယ်၊ အဲဗာတန်၊ ဘန်လေ၊ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းတို့မှာ ဒဏ်ရာရကစားသမား ခုနှစ်ယောက်စီဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြသည်။
လီဗာပူးလ်အသင်းမှာ ဒဏ်ရာရရှိနေသူ ခြောက်ဦးရှိပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ချယ်လ်ဆီးတွင် လေးဦးဒဏ်ရာ ရရှိလျက် ရှိသည်။ မန်ယူအသင်း ၏မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ ဒဏ်ရာရကစားသမား နှစ်ဦးတည်းသာ ရှိပြီး ပရီးမီးယားလိဂ်တွင် အနည်းဆုံးအဖြစ် ရပ်တည်နေသည်။
Previously un issued pict
ပရီးမီးယားလိဂ်အသင်းများ၏ ဒဏ်ရာရ ကစားသမားစာရင်း
မန်ယူ             -              ၉ ဦး
အာဆင်နယ်     -             ၇ ဦး
အဲဗာတန်        -              ၇ ဦး
ဘန်လေ         -              ၇ ဦး
နယူးကာဆယ်  -             ၇ ဦး
ဝက်စ်ဟမ်း       -             ၇ ဦး
လီဗာပူးလ်       -             ၆ ဦး
ဆောက်သမ်တန်  -         ၅ ဦး
ချယ်လ်ဆီး       -             ၄ ဦး
စတုခ်စီးတီး      -             ၄ ဦး
ဆွမ်ဆီး           -             ၄ ဦး
ဗီလာ             -              ၃ ဦး
ဟားလ်စီးတီး    -            ၃ ဦး
ဆန်းဒါးလန်း     -            ၃ ဦး
ဝက်စ်ဘရွန်း     -            ၃ ဦး
ပဲလေ့စ်           -            ၂ ဦး
လက်စတာ      -            ၂ ဦး
မန်စီးတီး         -            ၂ ဦး
ကျူပီအာ         -             ၂ ဦး
စပါး               -            ၂ ဦး



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment