
အသက် ၇၁ နှစ်အရွယ် တာဗက်ချီယိုသည် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးကောက်မခံရမီဇူလိုင်လအတွင်းက အာဖရိကဘောလုံးသမား များကို ရည်ရွယ်လျက် ငှက်ပျောသီးစားကြသူများဟု မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်း၏ပြောကြားချက်နှင့် ပတ်သက်၍ ကန့်ကွက် ပြောဆိုမှုများ ဆူညံခဲ့ပြီးနောက်ပိုင်းတွင် တာဗက်ချီယိုမှာ ပြန်လည်တောင်းပန်ခဲ့သည်။သို့သော် ၎င်းကိုယူအီးအက် ဖ်အေမှ စစ်ဆေးမှုများပြု လုပ်ခဲ့ပြီး ယခုကဲ့သို့ ကာလရှည်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် တာဗက်ချီယိုအနေဖြင့် ယူအီးအက်ဖ်အေ၏ မည်သည့်ကိစ္စရပ်များတွင်မဆိုခြောက်လတာ ပါဝင်ခွင့်ရမည်မဟုတ်ဘဲ ၂၀၁၅ မတ် လတွင် ကျင်းပမည့်ယူ အီးအက်ဖ်အေကွန်ဂရင့်ကိုလည်း တက်ရောက်ခွင့် ရမည်မဟုတ်တော့ပေ။ ထို့အပြင်၎င်းအနေဖြင့် လူမျိုးရေးခွဲခြားမှုပြ ဿနာများ မကြာ ခဏဖြစ်ပွားနေသည့် အီတလီ တွင်လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၌အထူးကြိုးပမ်းလုပ်ဆောင်ပေးရန် ယူ အီးအက်ဖ်အေက ညွှန်ကြားခဲ့သည်။
No comments:
Post a Comment