Wednesday, October 8, 2014

ထိုင်းရဟတ်ယာဉ်မှူးအား ရှာတွေ့ ပြီး မြန်မာရဟတ်ယာဉ်မှူးကို ကယ်တင်ရေး ကြိုးစားနေ

“ထိုင်းရဟတ်ယာဉ်မှူးအား ကယ်ဆယ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေ”

ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့သည် ဒဏ်ရာ ရရှိထားသော ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယနေ့ အောက်တိုဘာ(၈)ရက်၊ ညနေ ၅ နာရီခန့်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 ဖြင့် လန်ဆာထုရွာမှ ပူတာအိုသို့ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့ပါသည်။

အဆိုပါ ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယခုရောက်ရှိသော ပူတာအိုမြို့တွင် ဒေါက်တာ အိုလီဗာနှင့် ဆေးအဖွဲ့မှ လိုအပ်သော ကျန်းမားရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။

ပူတာအိုတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီးနောက် ထိုင်းရဟတ်ယာဉ်မှူး Mr.Chatchawal အား တင်ဆောင်သွားသည့် လေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။

ထိုင်း ရဟတ်ယာဉ်မှူး Chatchawal ရောက်ရှိနေသည့် တောအုပ်အတွင်းသို့ ဒေသခံ ရ၀မ်လူမျိုးများနှင့် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှေးဦးစွာ သွားရောက် ခေါ်ဆောင်ခဲ့ပြီးနောက် လန်ဆာထုရွာမှနေ၍ ပူတာအိုသို့ ဆေးကုသမှု ခံယူရန် ချက်ချင်း သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထပ်မံကျန်ရှိနေသည့် မြန်မာ ရဟတ်ယာဉ်မှူး အောင်မြတ်တိုး အားလည်း အမြန်ဆုံးပြန်လည် ကယ်ဆယ်နိုင်ရေးအတွက် နာယကကြီးဦးတေဇ ကိုယ်တိုင် ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment