Wednesday, October 8, 2014

ဖိနပ်စက်ရုံပိုင် ပစ္စည်းတွေ လေလံတင်ရောင်းချမည်

အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံ ပိတ်လိုက်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန် (၃) က Master Sports ဖိနပ်စက်ရုံပိုင် ပစ္စည်းတွေကို လေလံဆွဲဖို့ ဒီကနေ့အထိ ကြိုတင်ငွေ ကျပ်သိန်း ၁၀၀ စီ ပေးသွင်းထားတဲ့ လုပ်ငန်းရှင်အယောက် ၅၀ ရှိတယ်လို့ သိရပါတယ်။


ရန်ကုန်မြို့အတွင်းမှာရှိတဲ့ ဖိနပ်စက်ရုံ ပိုင်ရှင်တွေ အပြင် တခြားလုပ်ငန်းရှင်တွေက မာစတာစပေါ့ ဖိနပ်စက်ရုံမှာရှိတဲ့ စက်ပစ္စည်းတွေကို လာရောက် လေ့လာခဲ့ကြတယ်လို့ အလုပ်သမား ခေါင်းဆောင် ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

"သူတို့က လာကြည့်တာဆိုတာ စိတ်ဝင်စား မစား လာကြည့်တာပေါ့နော်၊ ၉ ရက်နေ့ကျရင် ဒီစက်ရုံကို သူတို့လေလံဝင်ဆွဲမှာပေါ့နော်"

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က Master Sport ဖိနပ်စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားက လုပ်ငန်းအရှုံးပေါ်လို့ဆိုပြီး အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံပိတ်ကာ နေရပ်ပြန်သွားတဲ့အတွက် လျော်ကြေးငွေရရှိဖို့ အလုပ်သမားတွေက စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြတိုင်ကြားခဲ့ကြတာကြောင့် အဲ့ဒီ မာစတာစပေါ့ ဖိနပ်စက်ရုံမှာရှိတဲ့ စက်ပစ္စည်းတွေကို လေလံတင်ရောင်းချကာ လျော်ကြေးပေးမယ်ဆိုပြီး ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကပစ္စည်းတွေကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ လေလံတင်ရောင်းချမှာဖြစ်ပြီး အခုအချိန်အထိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ခန့်လာရောက်ပြီး လေလံတင်ပွဲဝင်ဖို့ ကြိုတင်ငွေကျပ် သိန်း ၁၀၀ စီ ပေးသွင်းထားကြပြီးဖြစ်တယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment