Thursday, October 2, 2014

အမေရိကန်နိုင်ငံတွင် မြို့တော်ဝန်တဦးကို ဇနီးဖြစ်သူက ပစ်သတ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့စွန်က ဘဲလ်ဂါးဒင်းမြို့လေးရဲ့ မြို့တော်ဝန်ကို သူဇနီးနဲ့ အိမ်တွင်းရေးအငြင်းပွားမှုအတွင်း မသေမချင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

ဇနီးသည်ကိုတော့ စုံစမ်းစစ်ဆေးသူတွေက ထိန်းသိမ်းထားတယ်လို့ မြို့နယ် ငြိမ်ဝပ်ပိပြားရေးဌာနက ပြောပါတယ်။

သူတို့ရဲ့ အသက် ၁၉ နှစ်အရွယ် သားငယ်က အငြင်းပွားမှုကို ဝင်ရောက် ဖျန်ဖြေရာက ရန်ဖြစ်မှု အရှိန်မြင့်သွားခဲ့တာလို့ ငြိမ်ဝပ်ပိပြားရေးရုံးက လက်ထောက် စတိဗ်က ပြောပါတယ်။

“မြို့တော်ဝန်က အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ပြီး သားရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တယ်။ ဒါကြောင့် ဇနီးသည်က သေနတ်နဲ့ ရင်ဘတ်ပိုင်းကို အကြိမ်ရေ အတော်များများ ပစ်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

မြို့တော်ဝန်ကို ဒေသခံဆေးရုံကို သယ်သွားခဲ့ပေမယ့် သေဆုံးပြီးကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ ၂၀၀၁ ခုနှစ်တည်းက ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မြို့တော်ဝန်တယောက်ရဲ့ တရားဝင်တာဝန်တွေနဲ့ သက်ဆိုင်မှု ရှိပုံ မရဘူးလို့ လော့စ်အိန်ဂျလိစ် မြို့နယ်ငြိမ်ဝပ်ပိပြားရေးရုံးက ပြောကြောင်း မြို့စည်ပင်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။

မြို့တော်ဝန်တို့ ဇနီးမောင်နှံဟာ အထက်တန်းကျောင်းမှာတည်းက စုံတွဲတွေ ဖြစ်ပြီး ၁၉ ၈၆ ခုနှစ်တည်းက လက်ထပ်ထားသူတွေလို့လည်း ဖော်ပြထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment