Thursday, October 2, 2014

နိုင်ငံခြားဘဏ် ၉ ခု မြန်မာ ဖွင့်ခွင့်ပြု

မြန်မာနိုင်ငံမှာ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ စင်္ကာပူ၊ ထိုင်းနဲ့ မလေးရှား စတဲ့ နိုင်ငံတွေက ဘဏ်ကြီး ၉ ခုကို ဖွင့်ခွင့် ပြုလိုက်ပါတယ်။

အဲဒီ ဘဏ်ကြီးတွေ ထဲမှာ Tokyo-Mitsubishi UFJ အပါအဝင် ဂျပန်ရဲ့ အကြီးဆုံးဘဏ် ၃ ခု၊ သြစတြေးလျရဲ့ ANZ ဘဏ်၊ တရုတ် စက်မှုလက်မှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်၊ စင်ကာပူက OCBC ဘဏ်၊ ထိုင်းက ဘန်ကောက်ဘဏ်၊ မလေးရှားက Malayan Banking Berhard စတဲ့ ဘဏ်တွေ ပါဝင်ပါတယ်။

ဒီဘဏ်တွေ အနေနဲ့ ဘဏ်ခွဲ တခုစီ ဖွင့်ခွင့်ရှိပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ချေးငှားခွင့် ရမှာ ဖြစ်ပါတယ်။

မြန်မာ ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ချေးငှားရာမှာတော့ ဒေသခံ ဘဏ်တွေက တဆင့် ပူးပေါင်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment