Wednesday, October 15, 2014

ပုသိမ်ကြီး၌ မီးလောင်၊ တစ်ဦးသေဆုံး

မန္တလေး အောက်တိုဘာ ၁၄

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာ ဘူးကုန်းဆုံရွာတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က နေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး စတိုးဆိုင်ဝန်ထမ်း မောင်ရဲဇော်ထက်(ခ) ရဲဇော် (၂၂နှစ်) မီးလောင်သေဆုံးသွားကာ ဇေယျာထက် (၁၇နှစ်) မှာမီးလောင်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ ဦးဝင်းနိုင်မြင့် (၄၁ နှစ်) ၏ နှစ်ထပ်နေအိမ် အတွင်းရှိ လျှပ်စစ်ခုံမှ ဝိုင်ယာရှော့ခ်ဖြစ်ပြီး စတင်လောင်ကျွမ်းကာ ထိုမှ တစ်ဆင့် တောင်ဘက်ရှိ မြေစိုက်နေအိမ်ကို မီးကူးစက်လောင်ကျွမ်းသည်။ မန္တလေးမြို့ပေါ် မီးသတ်တပ်ဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူ များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၁၂ဝ ခန့်တို့က မီးသတ်ယာဉ် အစီး ၂ဝ ဖြင့် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၅ဝ ခန့်က မီးငြိမ်းသွားခဲ့သည်။ မီးလာင်မှု ကြောင့် အိမ်နှစ်လုံးဆုံးရှုံးခဲ့ပြီး သက်ဆိုင်ရာမြို့မရဲစခန်းက အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment