Wednesday, October 15, 2014

ဖယောင်းတိုင်ထွန်းစဉ် ဓာတ်ဆီဘူးပေါ်သို့ကျကာ မီးစွဲလောင်၍ လူတစ်ဦး သေဆုံး

ချောင်းဆုံ အောက်တိုဘာ ၁၄

ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ အကွက်(၂) ဦးမောင်ဖြူ(၄၆နှစ်) သည် နံနက်ပိုင်း ထင်းခုတ်သွားရာတွင် အသုံးပြုသည့် စက်ဆီ ထည့်ထားသော ဓာတ်ဆီ နှစ်ဘူးဝယ်ကာ နေအိမ် အောက်တွင် ချိတ်ဆွဲထားပြီး အိမ်ချင်း ကပ်နေအိမ်တွင် တီဗွီကြည့်ရန် ထွက်သွားခဲ့သည်။

၎င်း၏ဇနီးဖြစ်သူ ဒေါ်သောင်းအေး(၄၇နှစ်) (ခန္ဓာကိုယ် အောက်ပိုင်းသေနေသူ)က ဖယောင်း တိုင်ထွန်းစဉ် ဖယောင်းတိုင်လဲ၍ ဓာတ်ဆီဘူးပေါ်သို့ ကျကာ ဓာတ်ဆီ ဘူးများပေါက်၍ ခန္ဓာကိုယ်အနှံ့ မီးစွဲလောင်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူ ဦးမောင်ဖြူက ရောက်လာ ငြှိမ်းသတ် ပေးခဲ့သည်။ မီးလောင်မှုကြောင့် ၄င်း တို့နှစ်ဦးစလုံး ခန္ဓာကိုယ်အနှံ့ မီး လောင်ဒဏ်ရာများရရှိပြီး အောက်တို ဘာ ၁၃ ရက် နံနက် ၈ နာရီက ဇနီးဖြစ်သူ ဒေါ်သောင်းအေးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ သည်။

မီးလောင်ဒဏ်ရာ ရရှိထားသူ ဦးမောင်ဖြူအား ရွာလွတ်တိုက်နယ် ဆေးရုံသို့ပို့ဆောင်ကုသရာ သက်သာ မှုမရှိသဖြင့် မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ရကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment