ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်နေ မသီတာစိုး (၂၃)နှစ်သည် အောက်တိုဘာ ၉ ရက်
ညနေ ၅ နာရီခွဲခန့်တွင် (၂၆)လမ်းဈေးမှ ဈေးဝယ်ပြီး အနော်ရထာ လမ်းအတိုင်း
ပြန်လာစဉ် ပန်းဘဲတန်းမြို့နယ် (၄) ရပ်ကွက် ကုန်ဈေးတန်းနှင့် (၂၇)လမ်းကြား
အရောက်တွင် လူငယ်အမျိုးသား တစ်ဦးက ပူစပ်သည့် အရည်တစ်မျိုးဖြင့် ဝဲဘက်ဘေးမှ
မျက်နှာကို ပက်ခဲ့သည်။
ထိုသို့ အပက်ခံရမှုကြောင့် မျက်နှာ ဝဲဘက်ခြမ်းနှင့် ဝဲဘက်မျက်လုံး၊
ဝဲဘက်နားရွက်၊ အထက်အောက် နှုတ်ခမ်းတို့တွင် ပူစပ်သော ဝေဒနာ ခံစားရသဖြင့်
ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရပြီး အရေးယူပေးရန်တိုင်ကြား ခဲ့သည်။
ပန်းဘဲတန်း မြို့မရဲစခန်းက (ပ) ၃၂၆/၁၄ ပြစ်မှု ပုဒ်မ ၃၂၄ အရ အမှုဖွင့် အရေးယူထားသည်။
 |
| ဓါတ်ပုံ - အင်တာနက် |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment