Saturday, October 11, 2014

သျှမ်း/မြောက် တအာင်းတပ်မတော် လှုပ်ရှားထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော် အင်အားဖြည့်

သျှမ်းပြည်အလယ်ပိုင်း မြောက်ပိုင်း ဘက်သို့ မြန်မာ့ တပ်မတော်မှ အင်အား တိုးဖြည့်ချရာ တအာင်း တပ်မတော် လှုပ်ရှား ထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့နယ် ဘက်သို့လည်း ယခုလဆန်း ကစပြီး တိုးချဲ့ဝင်ရောက် လာကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် ထံမှသိရသည်။

အောက်တိုဘာ (၄) ရက်နေ့က မြန်မာ့တပ်မတော်မှ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံလမ်းမအပိုင်း တပ်သားနှင့် ရိက္ခာအပြည့် တင်သော စစ်ကား အစီး ၃၀ ကျော်၊ မူစယ်၊ နမ့်ခမ်းဘက်သို့ ၁၀ စီးကျော် ခန့်မှန်းအင်အား ၄၀၀ နီးပါး တပ်အင်အား ထပ်မံတိုးမြှင့် လာကြောင်း ဆိုသည်။

“အစိုးရဘက်ကဒီလိုစစ်အင်အားထပ်မံတိုးချဲ့တာဟာပထမအချက် အပစ်ခတ်လက်မှတ်ရေးထိုးဖို့အတွက် ဖိအားပေးတာ ဖြစ်သလို ဒုတိယအချက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အခြေချစရာနေရာမရှိ အောင်ရှင်းလင်းချင်တဲ့သဘောလည်းဖြစ်တယ်” ဟု ယင်းကပြောသည်။

သိန္နီ နမ္မတူ ကျောက်မဲ မိုင်းရယ် တန့်ယန်း မိုင်းရှူး ဘက်သို့လည်း မြန်မာစစ်တပ် တပ်မ ၇၇ လက်အောက်ခံ တပ်များ အင်အား ဖြည့်တင်းရာ နမ္မတူ မြို့နယ် ဆိုင်းခေါင်အုပ်စုမှ မိုင်းရင်အုပ်စုသို့ ထပ်မံဝင်ရောက်လာသော မြန်မာစစ်ကြောင်းက ရပ်ရွာအုပ်ချုပ် ရေးမှူးများအား ဆင့်ခေါ်ပြီး သျှမ်းပြည်တပ်မတော်၏ စကားပြော စက်သုံး သူအားလုံး သျှမ်းတပ်ဖွဲ့သို့ပြန် လည် ပေးအပ်ရန် ညွှန်ကြားခဲ့ကြောင်း နမ္မတူသား စိုင်းခမ်းကပြောသည်။

“သျှမ်းတပ်ဖွဲ့ကပေးထားတဲ့ စကားပြောစက်တွေ ဆက်သုံးနေမယ်ဆိုရင် ဖမ်းမိရင်တော့ သတ်မယ်လို့ တောင် ပြော ထားတယ်။ သျှမ်းတပ်နဲ့ဆက်သွယ်တာကို မလိုလားဘူးတဲ့။ သုံးတဲ့လူတချို့ရဲ့နာမည်နေရပ် အတိအကျပါ ပြောတာရှိတယ်။သဘောကတော့ သူတို့ သိနေတယ်ဆိုတဲ့သဘောပေါ့” ဟု ဆိုပါသည်။


စက်တင်ဘာလနှောင်းပိုင်းမှစ၍သျှမ်းပြည်နယ်မြောက်ပိုင်းတွင်အစိုးရတပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များတိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းကြောင့်ဒေသခံများကမိမိဘဝလုံခြုံရေးအတွက်စိုးရိမ်နေကြပါသည်။

“ဘဝကလည်း မရေမရာပါဘဲ။ အခုဆို ဘယ်သူမဆို ကြောက်နေကြတယ်။ တပ်တွေလည်း ရွာတွေဘက်ခဏခဏ တက်လာတယ်။ ကျနော်တို့ဒေသခံရွာသူ /သားတွေလည်း အစိုးရတပ်ဘက်ကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ဘယ်တပ်ဘဲလာလာ ရွာသူ/သားတွေဘဲ နစ်နာတယ်” ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦး ကပြောသည်။

တအာင်းဒေသသို့ ၂၀၁၄ ခုနှစ်အတွင်း နယ်မြေခံတပ်အပြင် ဧပြီနှင့် မေလတွင် တပ်မ (၁၁၊ ၇၇၊ ၈၈)၊ တပ်မ(၃)ခု တိုးမြှင့်ထားပြီး အောက်တိုဘာလ ၄ ရက်နေ့သည်ဒုတိယအကြိမ်တပ်အင်အား ထပ်မံတိုးမြှင့်ခြင်း ဖြစ်သည်ဟု TNLAသတင်းနှင့်ပြန်ကြားရေးဌာနမှထုတ်ပြန်ထားသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment