Tuesday, October 14, 2014

ကော့တောင်လူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန် ထိုင်းကို သတိပေး

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းမှာ ​ဗြိတိန်နှစ်ဦး ​အသတ်ခံ ခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်း စစ်ဆေးမှုကို ​စိုးရိမ်တဲ့အတွက် ​ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ​ထိုင်းနိုင်ငံ ​သံတမန်ကို ​ဆင့်ခေါ်မှု ​လုပ်ခဲ့ပါတယ်။

ဗြိတိန် ​နိုင်ငံသား ​နှစ်ဦးကို ​မြန်မာ ​ရွှေ့ပြောင်းအလုပ် ​သမားတွေ ​သတ်ပစ်ကြောင်း ​ထိုင်းရဲက ​ပြောဆိုတဲ့အပေါ် ​တချို့လူတွေ ​မယုံသင်္ကာ ​ဖြစ်ရာက ​ဗြိတိန်က ​ထိုင်း ​သံတမန်ကို ​ခေါ်တွေ့ခဲ့တာပါ။

အသက် ​၂၃ ​နှစ်အရွယ် ​Hannah ​Witheridge ​နဲ့ ​အသက် ​၂၄ ​နှစ်အရွယ် ​David ​Miller ​တို့ ​အသတ်ခံရမှုနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်းစစ်ဆေးရေး ​နည်းလမ်းအပေါ် ​စိုးရိမ်မကင်း ​ဖြစ်မိတယ်လို့ ​ယူကေ ​အစိုးရက ​ပြောခဲ့ပါတယ်။

ထိုင်းစုံစမ်း ​စစ်ဆေးရေးအဖွဲ့အနေနဲ့ ​တရားမျှတမှုနဲ့  ​ပွင့်လင်းမြင်သာမှုရှိတဲ့ ​စုံစမ်းစစ်ဆေးမှု ​လုပ်ဖို့ ​အရေးကြီးတယ်လို့ ​ဗြိတိန်နိုင်ငံခြားရေး ​ဝန်ကြီး ​Hugo ​Swire ​က ​ပြောပါတယ်။

ထိုင်းရဲတွေကတော့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာနိုင်ငံသား ​နှစ်ဦး ​သတ်ပစ်ကြောင်းကို ​မြန်မာနှစ်ဦးက ​ဝန်ခံထားပြီလို့ ​ပြောပါတယ်။

မြန်မာနိုင်ငံသား ​နှစ်ဦးကတော့ ​သူတို့ကို ​ခြိမ်းခြောက်ညှင်းပမ်းမှုတွေ ​လုပ်ပြီး ​အတင်းဝန်ခံမှု ​လုပ်ခိုင်းထားတဲ့အကြောင်း ​ပြောဆိုလာတဲ့အတွက် ​ဒီကိစ္စဟာ ​အပြစ်မဲ့တဲ့ ​မြန်မာနှစ်ဦး ​ထိုးကြွေးခံလိုက်ရတာ ​ဖြစ်နိုင်တယ်ဆိုပြီး ​ပြောဆိုနေကြတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Barbara ​Miller ​က ​လန်ဒန်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။



သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို ရဲတွေ စစ်ဆေးသယ်ယူစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment