ဗြိတိန် နိုင်ငံသား နှစ်ဦးကို မြန်မာ ရွှေ့ပြောင်းအလုပ် သမားတွေ သတ်ပစ်ကြောင်း ထိုင်းရဲက ပြောဆိုတဲ့အပေါ် တချို့လူတွေ မယုံသင်္ကာ ဖြစ်ရာက ဗြိတိန်က ထိုင်း သံတမန်ကို ခေါ်တွေ့ခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ် Hannah Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Miller တို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ စုံစမ်းစစ်ဆေးရေး နည်းလမ်းအပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ယူကေ အစိုးရက ပြောခဲ့ပါတယ်။
ထိုင်းစုံစမ်း စစ်ဆေးရေးအဖွဲ့အနေနဲ့ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ အရေးကြီးတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Hugo Swire က ပြောပါတယ်။
ထိုင်းရဲတွေကတော့ ဗြိတိန်နိုင်ငံသား နှစ်ဦးကို မြန်မာနိုင်ငံသား နှစ်ဦး သတ်ပစ်ကြောင်းကို မြန်မာနှစ်ဦးက ဝန်ခံထားပြီလို့ ပြောပါတယ်။
မြန်မာနိုင်ငံသား နှစ်ဦးကတော့ သူတို့ကို ခြိမ်းခြောက်ညှင်းပမ်းမှုတွေ လုပ်ပြီး အတင်းဝန်ခံမှု လုပ်ခိုင်းထားတဲ့အကြောင်း ပြောဆိုလာတဲ့အတွက် ဒီကိစ္စဟာ အပြစ်မဲ့တဲ့ မြန်မာနှစ်ဦး ထိုးကြွေးခံလိုက်ရတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြတဲ့အကြောင်း အေဘီစီ သတင်းထောက် Barbara Miller က လန်ဒန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
![]() |
| သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို ရဲတွေ စစ်ဆေးသယ်ယူစဉ် |




































No comments:
Post a Comment