
အာရှယူ-၁၉ ချန်ပီယံရှစ် အုပ်စု(က) ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြများကိုတွေ့ရစဉ်။
ယနေ့ညနေတွင် အုပ်စု (က) ၏ အဖွင့်ပွဲစဉ်အဖြစ် ညနေ ၃း၃၀ ၌ ထိုင်းအသင်းနှင့် အီရန်အသင်း၊ ဒုတိယပွဲစဉ်အဖြစ်ည၆း၃၀၌ မြန်မာအသင်းနှင့်ယီမင်အသင်း တို့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်စတင်ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ယီမင်အသင်းနှင့် အဖွင့်ပွဲအဖြစ် တွေ့ဆုံရမည့်အပေါ် မြန်မာအသင်းနည်းပြချုပ်ဖရိုင်းဒရစ်ခ်ျက “အုပ်စုပွဲစဉ်ရဲ့ အဖွင့်ပွဲစဉ်တိုင်းကခက်ခဲမူတွေနဲ့ တွေ့ကြုံရနိုင် ပါတယ်။ပွဲကြိုရလဒ် ခန့်မှန်းပြောကြားဖို့ ကျွန်တော့်အတွက် ခက်ပါတယ်။ ဒါပေမဲ့ အဖွင့်ပွဲစဉ်က နောက်ပိုင်းပွဲတွေအတွက် ပိုအရေးကြီးလို့ အနိုင်ရအောင် ကြိုး စားသွားမှာပါ” ဟုပြောသည်။
ယီမင်နည်းပြချုပ် အာမက်အလီကာဆန်ကလည်း “မြန်မာအသင်းက တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်သလို အိမ်ရှင်ပရိသတ်ရှေ့မှာ ကစားရ မှာဖြစ်တဲ့အ တွက်ဒီပွဲစဉ်က ကျွန်တော်တို့အတွက် ခက်ခဲမှာပါ။ ဒါပေမဲ့ အဖွင့်ပွဲဖြစ်တဲ့အတွက် ရလဒ်ကောင်းရအောင်တော့ အကောင်းဆုံး ကြိုးစားကစားသွားမှာ ပါ”ဟု မြန် မာအသင်းနှင့်ရင်ဆိုင်ရမည့်ပွဲစဉ်အပေါ် သုံးသပ်ခဲ့သည်။
မြန်မာအသင်းနှင့် တွေ့ဆုံရမည့် ယီမင်အသင်းမှာ အာရှ ယူ-၁၉ ပြိုင်ပွဲဝင်ခွင့် အတွက်ခြေစစ်ပွဲတွင် ယူအေအီး၊ ဂျော်ဒန်၊ မော်လဒိုက၊် အာဖဂနန်စ္စတန်အသင်း တို့နှင့်ယှဉ်ပြိုင်ကစားခဲ့ရပြီး သုံးပွဲနိုင်တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ်ကိုးမှတ်ရရှိကာ အုပ်စုဒုတိယဖြင့်ယူအေအီးအသင်းနှင့်အတူနောက်ဆုံးအဆင့်ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။
No comments:
Post a Comment