Friday, October 10, 2014

မြန်မာ အသင်း၏ နောက်တန်း ကစားပုံကို အပြောင်းအလဲ ပြုလုပ်ထား

ရန်ကုန်၊ အောက်တိုဘာ ၈။ မြန်မာအသင်း နည်းပြ ဂတ်ဆီဇီက အာရှယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ အသင်း၏ ခံစစ် ကစားပုံကို အပြောင်း အလဲ ပြုလုပ်ထားကြောင်း ပြောကြား ခဲ့သည်။
u19vsThai
အာဆီယံ ချန်ပီယံရှစ်တွင် မြန်မာ အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့စဉ်က။

မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့ပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် နိုင်ခဲ့သော် လည်း ခံစစ်ပိုင်း အားနည်းမှုများ ရှိခဲ့ပြီး ပေးဂိုး အများအပြားကို ခွင့်ပြု ခဲ့ရသည်။ ထို့ကြောင့် မြန်မာယူ-၁၉ အသင်း အနေဖြင့် နောက်တန်း ခံစစ် ကစားပုံကို အပြောင်းအလဲ ပြုလုပ် ခဲ့ပြီး ကစားသမား များကိုလည်း ထပ်မံ ခေါ်ယူ ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်း နည်းပြ ဖရိုင်းဒရစ် ဂတ်ဆီဇီက “ပေးဂိုးများ နေတဲ့ ကျွန်တော့် အသင်းရဲ့ နောက်တန်း ကစားပုံကို အပြောင်း အလဲတွေ ပြုလုပ် ထားပါတယ်။  ကျွန်တော်တို့ အသင်းကို ဒီပြိုင်ပွဲ အတွက် မတ်လ ကတည်းက ပြင်ဆင် ထားခဲ့ပြီး ဂျာမနီမှာ သွားရောက် လေ့ကျင့်ခဲ့ တုန်းက ကောင်းမွန်တဲ့ အသင်းတွေနဲ့ ခြေစမ်းခွင့် ရရှိခဲ့တယ်။ ဒါ့အပြင် နိုင်ငံတကာ ပြိုင်ပွဲ နှစ်ခုလည်း သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိ ခဲ့တယ်။ ဒီပြင်ဆင်မှုက အာရှယူ-၁၉ ပြိုင်ပွဲ အတွက် လုံလောက် မယ်လို့ ထင်ပါတယ်။ ကျွန်တော့် အသင်းရဲ့ ကစားပုံ ကို ပြိုင်ပွဲ ရောက်ရင် ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ဘယ်အဆင့်ထိ ရောက်မယ် ဆိုတာ ကတော့ ပြိုင်ပွဲက အဖြေပေး သွားပါလိမ့်မယ်” ဟုပြောကြား ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ များတွင် ပွဲစဉ် ၁၀ ပွဲ ကစားခဲ့ရာ ပေးဂိုး (၁၅)ဂိုး အထိ ခွင့်ပြု ခဲ့ရသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment