Sunday, October 12, 2014

လေအေးပေးစက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ပျဉ်းမနား အောက်တိုဘာ ၁၁

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ရွာ ကောက်ရပ်ကွက် ပေါင်းလောင်း (၁)(၁၂) လမ်း အိမ်အမှတ် (၁၄/၃၂၅)တွင် လေအေးပေးစက် အပူလွန်ကဲရာမှ အောက်တိုဘာ ၁ဝ ရက် ည ၁၁ နာရီ ၂၇ မိနစ်က မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် ဒေါ်ခင် သစ္စာ(၃၆ နှစ်)နှင့် ဒေါ်ရီမွန်ဆွေ (၄၉နှစ်) တို့ ဒဏ်ရာရရှိပြီး ဒေါ်ခင် စံပယ် (၄၃ နှစ်) မှာ သေဆုံးခဲ့သည်။

ဆုံးရှုံးမှုအနေဖြင့် အိမ်အမှတ် (၁၄/၃၂၅)နှစ်ထပ်အိမ် တစ်လုံး၊ Mazda Demio(ခဲရောင်) အိမ်စီး ကားငယ်တစ်စီး၊ အိမ်အမှတ် (၁၄/ ၃၂၆ ပေ (၂ဝx၂ဝ)၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းစုစုပေါင်း နေ အိမ်နှစ်လုံး၊ ကားတစ်စီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ရာသို့ နေပြည်တော် ကောင်စီဝင်ဦးမျိုးညွန့်နှင့် ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ နေပြည်တော် မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး၊ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော် ကောင်စီနယ်မြေ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ မီးသတ်ယာဉ် အစီး ၃ဝ ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၅မိနစ်တွင် မီးထိန်း နိုင်ခဲ့ကာ ၁၁ နာရီ ၂၇ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment