Wednesday, October 15, 2014

ဆော်ဒီအာရေးဗီးယားတွင် အမေရိကန်တဦး ပစ်သတ်ခံရ

ဆော်ဒီအာရေး ဗီးယားနိုင်ငံ မြို့တော် ရီယယ်မှာ  ဆော်ဒီ သေနတ်သမား တယောက်က အမေရိကန် နိုင်ငံသား တယောက်ကို အောက်တိုဘာ ၁၄ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခဲ့ တယ်လို့ ရဲအရာရှိ တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်းမှာ မငြိမ်မသက် အခြေအနေတွေ ပေါ်ပေါက်နေချိန်မှာ အနောက်တိုင်းသား တွေရဲ့ လုံခြုံရေး အတွက် စိုးရိမ်မှုတွေ ပိုပြီး  မြင့်တက်လာစေပါတယ်။

အမေရိကန်ပြည်သား ၂ ယောက် ဆီဆိုင်တခုမှာ ကားရပ်နေတုန်း ပစ်ခတ်မှု ဖြစ်သွားတာပါ။ သေနတ်သမားရဲ့ လက်ချက်ကြောင့် နောက်တယောက်လည်း ဒဏ်ရာရခဲ့သလို၊ သေနတ်သမားလည်း ရဲက ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာရပြီး အဖမ်းခံလိုက်ရပါတယ်။

ဆော်ဒီနိုင်ငံရဲ့ မြို့တော်မှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးဖြစ်တဲ့ အခုပစ်ခတ်မှုနဲ့ ပတ်သက်လို့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ပြည်ထဲရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

အခု အဖြစ်အပျက်နဲ့ နီးစပ်သူတယောက်ရဲ့ အဆိုအရ သေနတ်သမားဟာ မကြာခင်က အလုပ်ဖြုတ်ခံရသူ ဖြစ်ပြီး သေနတ်ပစ်ခံရသူကလည်း ဒီလို အလုပ်ဖြုတ်ရာမှာ တာဝန်ရှိသူ တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူက “အမေရိကန်တွေဟာ အမေရိကန် လုံခြုံရေးကုမ္ပဏီ (Northrop Grumman Corporation)နဲ့ လက်တွဲ အလုပ်လုပ်နေတဲ့  ဆော်ဒီ ကုမ္ပဏီ ဘင်နေး အာရေးဘီယား (Vinnell Arabia)အတွက် အလုပ်လုပ်နေတယ်” လို့ ပြောပါတယ်။

ဆော်ဒီအစိုးရတပ်ဖွဲ့တွေကို သင်တန်းနဲ့ တခြား ၀န်ဆောင်မှုသင်တန်းတွေကို ပေးနေတယ်လို့ ဆိုပါတယ်။
အခုအဖြစ်အပျက်ကြောင့် ဆော်ဒီမှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေး အတွက် ပြန်လည်သုံးသပ်နေတယ်လို့လည်း ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment