Wednesday, October 15, 2014

ပထမဆုံး မွန်အမျိုးသမီးနိုင်ငံရေးပါတီ တည်ထောင်

မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင်ခွင့် ရရှိဖို့အတွက် မွန်အမျိုးသမီးတွေက ဦးဆောင်ပြီး သက်ဆိုင်ရာကို မနေ့ကလျှောက်ထား လိုက်ပါတယ်။

လက်ရှိနိုင်ငံရေးပါတီတွေမှာ အမျိုးသမီးတွေ တန်းတူရည်တူ နေရာမရရှိသေးတာကြောင့် နိုင်ငံရေးမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို အမျိုးသမီးနိုင်ငံရေးပါတီကို ထူထောင်ဖို့ကြိုးစားတာဖြစ်တယ်လို့ ပါတီဥက္ကဌတာဝန်ယူမယ့် မိသန်းရှင်က ပြောပါတယ်။

အမျိုးသမီးပါတီကို ထူထောင်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့ မနေ့က ရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။ သူတို့ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ကို အခြေပြုပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment