Thursday, October 16, 2014

ရေချိုးဆင်းရာမှ ရေနစ် ပျောက်ဆုံးနေသူ အမျိုးသမီး၏ အလောင်းအား တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၅

၁၅.၁၀.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် ဆိပ်ကမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆိပ်ကမ်း မြို့နယ်၊ မော်တင်ရပ်ကွက်၊ ၀ါးတန်းဇက်ဆိပ် ရေပြင်၌ အမျိုးသမီး တစ်ဦး၏ အလောင်းပေါ် နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ ကြည့်မြင်တိုင်မြို့နယ်နေ မစန္ဒီကျော်၊ (၁၆)နှစ်ဖြစ်ပြီး ၎င်းသည် ၁၃.၁၀.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ငါးဇင်ရပ်ကွက် ရေဆိပ်တွင် ရေချိုးဆင်းရာမှ ရေထဲမျောပါကာ ပျောက်ဆုံး နေသူ ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


ဝါးတန်းဇက်ဆိပ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment