Thursday, October 16, 2014

မိခင်ဖြစ်သူအား သမီးရင်းဖြစ်သူ(၂)ဦးမှ အ၀တ်၊ ကြိုးများဖြင့် တုတ်နှောင်၍ ရွှေထည်ပစ္စည်းနှင့် ငွေများ လုယူမှုဖြစ်ပွား

မိခင်ဖြစ်သူအား သမီးရင်းဖြစ်သူ(၂)ဦးမှ အ၀တ်၊ ကြိုးများဖြင့် တုတ်နှောင်၍ ရွှေထည်ပစ္စည်းနှင့် ငွေများ ယူဆောင်သွားသည့် ဖြစ်စဉ်အပေါ် မိခင်ဖြစ်သူမှ အရေးယူပေးရန် တိုင်တန်း

ရန်ကုန်၊ အောက်တိုဘာ ၁၅

၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဒေါ်ခင်စန်း၊ (၆၉)နှစ်မှ ၎င်းအား တစ်အိမ်တည်းအတူနေ သမီးကြီးဖြစ်သူ မတင်တင်အေး၊ (၃၀)နှစ်နှင့် သမီးငယ် မအေးအေးသန်း၊ (၂၈)နှစ်တို့မှ နေအိမ်၌ဆေးလူးပေး နေစဉ် သမီးကြီး မတင်တင်အေးမှ အင်္ကျီတစ်ထည်ဖြင့် ၎င်း၏ မျက်နှာကိုအုပ်၍ ချည်နှောင်ခဲ့ပြီး သမီးငယ် မအေးအေးသန်းမှလည်း လက်နှစ်ဘက်ကို နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးဖြင့် ကုလားထိုင်နှင့်တွဲ၍ ချည်နှောင်ခဲ့သည့်အပြင် ခြေထောက် (၂)ချောင်းကိုလည်း ပူး၍ချည်နှောင်ခဲ့ကြောင်း၊ ပြီးနောက် ၎င်း၏လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုး(၁)ကုံး တန်ဖိုး (၁၃၈၀၀၀)ကျပ်၊ အတွင်းခံအင်္ကျီအိတ် အတွင်းမှ ရွှေဆွဲသီး(၁)ခု တန်ဖိုး(၂၆၉၀၀၀)ကျပ်၊ ရွှေ လက်ကောက်(၂)ကွင်း တန်ဖိုး(၆၉၆၀၀၀)ကျပ်နှင့် အိပ်ယာအောက်တွင်ထားရှိသော ငွေကျပ် (၁၉၀၀၀၀)တို့အား ယူဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့ကြသည့် သမီး(၂)ဦးဖြစ်သူ မတင်တင်အေးနှင့် မအေးအေးသန်းတို့(၂)ဦးအား အရေးယူ
ပေးပါရန် တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၅၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂/၃၄၂ ဖြင့် အမှုဖွင့်လှစ် ကာ ပြစ်မှုကျူးလွန်သူ မတင်တင်အေးနှင့် မအေးအေးသန်းတို့(၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment