ဒါပေမဲ့ မြို့လည်ခေါင်မှာတော့ လူပေါင်း ထောင်နဲ့ချီ ရှိနေသေးတယ်လို့ ဆန္ဒပြမှုတွေ အ ဓိ က ဖြစ် နေ တဲ့ နေရာမှာ ရောက်ရှိနေတဲ့ အေဘီစီ သတင်းထောက် Sarah Clarke က ပြောပါတယ်။
သူ မတ်တပ်ရပ် နေတဲ့ ဟောင်ကောင် မြို့လည်က လမ်းမတွေနဲ့ လူသွားလမ်းတွေ ပေါ်မှာတော့ ဆန္ဒပြသူ ထောင်နဲ့ချီ ဆက်လက် ရှိနေတယ်လို့ ဆိုပါတယ်။
အစိုးရ ဌာနချုပ်ရုံးရဲ့ အဝင်ဝမှာတော့ ရဲတွေက အတားအဆီးနောက်မှာ နေရာယူထားပြီး နောက်တဖက်မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက နေရာယူထားဆဲ ဖြစ်ပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး CY Leung က ဒီကနေ့ကစပြီး ဆန္ဒပြမှု လုံးဝဖယ်ရှားပေးဖို့ ပြောဆိုထားတာဖြစ်ပေမယ့် အခုအချိန်အထိ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
အဲဒီနေရာဟာ အစိုးရဝန်ထမ်း အယောက်ပေါင်း ၃၀၀၀ လောက် အလုပ်လုပ်တဲ့ နေရာဖြစ်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာပဲ ရုံးတက်ဖို့ ရောက်လာကြတော့မှာပါ။
သတ်မှတ်ချိန်အတိုင်း ဆန္ဒပြမှုကို မဖယ်ရှားပေးရင် အန္တရာယ်နဲ့ ကြုံရနိုင်တယ်ဆိုတာကို ကျောင်းသားခေါင်းဆောင်တွေကလည်း သိနေပေမယ့် အခုအချိန်မှာ ဖယ်ရှားလိုက်ရင် ဒီမိုကရေစီအရေးအတွက် အရှုံးပေးလိုက်သလို ဖြစ်သွားမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ညတုန်းကတော့ ဆန္ဒပြခေါင်းဆောင်နဲ့ အစိုးရတွေအကြား ဆွေးနွေးမှုတွေ လုပ်ကြပေမယ့် ရှေ့ဆက်ပြီး ဆွေးနွေးမှုကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့အပေါ် သဘောတူညီမှုတွေ မရခဲ့ကြပါဘူး။
ဟောင်ကောင်တက္ကသိုလ် ၈ ခုက ပညာရှင် အယောက် ၈၀ ကတော့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး တိကျပြတ်သားတဲ့ တုန့်ပြန်မှုမျိုး လုပ်ပေးဖို့ အစိုးရကို တိုက်တွန်းထားတဲ့အကြောင်း အေဘီစီ သတင်းထောက် Sarah Clarke က ဟောင်ကောင်ကနေ သတင်းပေးပို့ထားပါတယ်။
![]() |
| တချို့နေရာကိုတော့ ဆန္ဒပြသူတွေ နေရာယူဆဲ |

No comments:
Post a Comment