Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဟောင်ကောင်နေရာတချို့ကို ဆန္ဒပြသူတွေ နေရာရှင်းပေးပြီ

ဟောင်ကောင်မြို့ ​တစ်ခုလုံး ​နီးပါးကို ​ပိတ်ချထားတဲ့ ​ဆန္ဒပြမှုကို ​ဒီကနေ့ ​နောက်ဆုံးထားပြီး ​ရပ်ဆိုင်းဖို့ ​အစိုးရက ​ပြောဆိုပြီးနောက် ​တချို့နေရာကိုတော့ ​ဆန္ဒပြသူတွေက ​ဖယ်ရှားပေးလိုက်ပါပြီ။

ဒါပေမဲ့ ​မြို့လည်ခေါင်မှာတော့ ​လူပေါင်း ​ထောင်နဲ့ချီ ​ရှိနေသေးတယ်လို့ ​ဆန္ဒပြမှုတွေ ​အ ​ဓိ ​က ​ဖြစ် ​နေ ​တဲ့ ​နေရာမှာ ​ရောက်ရှိနေတဲ့ ​အေဘီစီ ​သတင်းထောက် ​Sarah ​Clarke ​က ​ပြောပါတယ်။

သူ ​မတ်တပ်ရပ် ​နေတဲ့ ​ဟောင်ကောင် ​မြို့လည်က ​လမ်းမတွေနဲ့ ​လူသွားလမ်းတွေ ​ပေါ်မှာတော့ ​ဆန္ဒပြသူ ​ထောင်နဲ့ချီ ​ဆက်လက် ​ရှိနေတယ်လို့ ​ဆိုပါတယ်။

အစိုးရ ​ဌာနချုပ်ရုံးရဲ့ ​အဝင်ဝမှာတော့ ​ရဲတွေက ​အတားအဆီးနောက်မှာ ​နေရာယူထားပြီး ​နောက်တဖက်မှာတော့ ​ရာနဲ့ချီတဲ့ ​ဆန္ဒပြသူတွေက ​နေရာယူထားဆဲ ​ဖြစ်ပါတယ်။

ဟောင်ကောင် ​အုပ်ချုပ်ရေးမှူး ​CY ​Leung ​က ​ဒီကနေ့ကစပြီး ​ဆန္ဒပြမှု ​လုံးဝဖယ်ရှားပေးဖို့ ​ပြောဆိုထားတာဖြစ်ပေမယ့် ​အခုအချိန်အထိ ​ဆန္ဒပြကြတာ ​ဖြစ်ပါတယ်။

အဲဒီနေရာဟာ ​အစိုးရဝန်ထမ်း ​အယောက်ပေါင်း ​၃၀၀၀ ​လောက် ​အလုပ်လုပ်တဲ့ ​နေရာဖြစ်ပြီး ​မကြာခင် ​နာရီပိုင်းအတွင်းမှာပဲ ​ရုံးတက်ဖို့ ​ရောက်လာကြတော့မှာပါ။

သတ်မှတ်ချိန်အတိုင်း ​ဆန္ဒပြမှုကို ​မဖယ်ရှားပေးရင် ​အန္တရာယ်နဲ့ ​ကြုံရနိုင်တယ်ဆိုတာကို ​ကျောင်းသားခေါင်းဆောင်တွေကလည်း ​သိနေပေမယ့် ​အခုအချိန်မှာ ​ဖယ်ရှားလိုက်ရင် ​ဒီမိုကရေစီအရေးအတွက် ​အရှုံးပေးလိုက်သလို ​ဖြစ်သွားမှာကို ​စိုးရိမ်နေကြတာ ​ဖြစ်ပါတယ်။

ညတုန်းကတော့ ​ဆန္ဒပြခေါင်းဆောင်နဲ့ ​အစိုးရတွေအကြား ​ဆွေးနွေးမှုတွေ ​လုပ်ကြပေမယ့် ​ရှေ့ဆက်ပြီး ​ဆွေးနွေးမှုကို ​ဘယ်လို ​လုပ်ကြမလဲ ​ဆိုတဲ့အပေါ် ​သဘောတူညီမှုတွေ ​မရခဲ့ကြပါဘူး။

ဟောင်ကောင်တက္ကသိုလ် ​၈ ​ခုက ​ပညာရှင် ​အယောက် ​၈၀ ​ကတော့ ​ကျောင်းသားတွေရဲ့ ​တောင်းဆိုမှုနဲ့ ​ပတ်သက်ပြီး ​တိကျပြတ်သားတဲ့ ​တုန့်ပြန်မှုမျိုး ​လုပ်ပေးဖို့ ​အစိုးရကို ​တိုက်တွန်းထားတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Sarah ​Clarke ​က ​ဟောင်ကောင်ကနေ ​သတင်းပေးပို့ထားပါတယ်။ 



တချို့နေရာကိုတော့ ဆန္ဒပြသူတွေ နေရာယူဆဲ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ