Sunday, October 5, 2014

ပျောက်ဆုံးနေသူတွေကိုရှာဖွေတဲ့ အီတလီကယ်ဆယ်ရေးအဖွဲ့ သတင်းစာရှင်းလင်း

မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ ခါကာဘိုရာဇီ ရေခဲတောင်ကနေ ပြန်အဆင်းမှာ အခြေစိုက်စခန်းနဲ့ ဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သဘာဝခေါ်သံ ဖောင်ဒေးရှင်းက အဖွဲ့ဝင် ၂ ယောက်ကို ရှာဖွေခဲ့တဲ့ အီတလီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်မှာ သတင်းစာ ရှင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီကယ်ဆယ်ရေးအဖွဲ့ဟာ ခါကာဘိုရာဇီရေခဲတောင်ရဲ့ အမြင့်ပေ ၁၆၀၀၀ အထိ ရဟတ်ယာဉ်တွေနဲ့ သွားရောက်ပြီး ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် ရာသီဥတုမကောင်းတာကြောင့် ဆက်လက်တက်ရောက်ရှာဖွေမှုတွေ မလုပ်နိုင်ခဲ့ကြောင်း ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရာသီဥတု အကောင်းဆုံးအချိန်တွေဖြစ်တဲ့ လာမယ့် နိုဝင်ဘာလနဲ့ မေလတွေမှာ ဆက်လက်ရှာဖွေဖို့အတွက် ဒီအီတလီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေက ထူးဖောင်ဒေးရှင်းကို အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment