Friday, October 3, 2014

ဟောင်ကောင် ဆန္ဒပြသူတွေ အစိုးရနဲ့ ဆွေးနွေးဖို့ သဘောတူပြီ

ဟောင်ကောင်မှာ ​စီးပွားရေးတွေ ​လုပ်လို့မရလောက်အောင် ​ပိတ်ဆို့ ​ဆန္ဒပြနေကြတဲ့ ​ဆန္ဒပြသူတွေက ​အစိုးရနဲ့ ​တွေ့ဆုံပြီး ​ဆွေးနွေးမှု ​လုပ်ဖို့ ​သဘောတူလိုက်ကြပါပြီ။

အစိုးရကိုယ်စားလှယ်နဲ့ ​တွေ့ဆုံဖို့ ​ဟောင်ကောင် ​အုပ်ချုပ်ရေးမှူး ​C ​Y ​Leung ​က ​ထပ်မံ ​ကမ်းလှမ်းပြီးတဲ့နောက် ​ဆန္ဒပြ ​ကျောင်းသားခေါင်းဆောင်တွေက ​လူသိရှင်ကြား ​အများရှေ့မှာပဲ ​ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​သဘောတူလိုက်ကြပါတယ်။

ဒါ့အပြင် ​ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ​မကြာခင်မှာ ​ရာထူးကနေ ​ဆင်းပေးလိမ့်မယ်လို့ ​ဆန္ဒပြသူတွေက ​ပြောနေပေမယ့် ​ဟောင်ကောင် ​အုပ်ချုပ်ရေးမှူးကတော့ ​ရာထူးကနေ ​ဆင်းပေးမှာ ​မဟုတ်ဘူးလို့ ​ပြောနေပါတယ်။

ဆန္ဒပြသူတွေက ​ကြာသပတေး ​ညသန်းခေါင်အချိန်ကို ​နောက်ဆုံးထားပြီး ​ရာထူးကနေ ​ဆင်းပေးဖို့ ​ပြောဆိုထားပြီး ​မဆင်းပေးရင် ​အစိုးရအဆောက်အဦးတွေကို ​ဝင်ရောက်စီးနင်းမယ်လို့ ​ရာဇာသံ ​ပေးထားပါတယ်။

အဲဒီ ​သတ်မှတ်ချိန်တွေ ​ကုန်လွန်သွားပေမယ့် ​ဟောင်ကောင်အုပ်ချုပ်ရေးမှူးကတော့ ​လက်ရှိအာဏာကို ​ရယူထားဆဲ ​ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ​၂၀၁၇ ​ခုနှစ်မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲအတွင်း ​သူတို့ရဲ့ ​ခေါင်းဆောင်ကို ​တရုတ်ပြည်မက ​ရွေးချယ်တာမျိုးမလုပ်ပဲ ​သူတို့ဖာသာ ​ရွေးချယ်ခွင့်ပေးဖို့ ​အဓိက ​တောင်းဆိုကြတာ ​ဖြစ်ပေမယ့် ​အာဏာပိုင်တွေကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘာမှ ​တုန့်ပြန်ထားခြင်း ​မရှိပါဘူး။

အစိုးရအဆောက်အဦးတွေထဲ ​ဆန္ဒပြသူတွေ ​မဝင်နိုင်အောင် ​ရဲတွေကို ​အများအပြား ​ချထားသလို ​ဆန္ဒပြသူတွေကလည်း ​ဆက်လက်ဆန္ဒပြမယ်လို့ ​ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ ​ဒီအတိုင်းပဲ ​ရေရှည်မှာ ​ဆန္ဒပြဖို့ ​ဖြစ်နိုင်မှာ ​မဟုတ်ဘူးလို့ ​သုံးသပ်နေကြပြီးနောက် ​ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ကျောင်းသားဘက်က ​သဘောတူတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Stephen ​McDonell ​က ​ဟောင်ကောင်ကနေ ​သတင်းပေးပို့ထားပါတယ်။



ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေကို ရဲတွေအသင့်ပြင်ဆင်ထား 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment