အစိုးရကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး C Y Leung က ထပ်မံ ကမ်းလှမ်းပြီးတဲ့နောက် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေက လူသိရှင်ကြား အများရှေ့မှာပဲ ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။
ဒါ့အပြင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးက မကြာခင်မှာ ရာထူးကနေ ဆင်းပေးလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောနေပေမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူးကတော့ ရာထူးကနေ ဆင်းပေးမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။
ဆန္ဒပြသူတွေက ကြာသပတေး ညသန်းခေါင်အချိန်ကို နောက်ဆုံးထားပြီး ရာထူးကနေ ဆင်းပေးဖို့ ပြောဆိုထားပြီး မဆင်းပေးရင် အစိုးရအဆောက်အဦးတွေကို ဝင်ရောက်စီးနင်းမယ်လို့ ရာဇာသံ ပေးထားပါတယ်။
အဲဒီ သတ်မှတ်ချိန်တွေ ကုန်လွန်သွားပေမယ့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကတော့ လက်ရှိအာဏာကို ရယူထားဆဲ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက ၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း သူတို့ရဲ့ ခေါင်းဆောင်ကို တရုတ်ပြည်မက ရွေးချယ်တာမျိုးမလုပ်ပဲ သူတို့ဖာသာ ရွေးချယ်ခွင့်ပေးဖို့ အဓိက တောင်းဆိုကြတာ ဖြစ်ပေမယ့် အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ တုန့်ပြန်ထားခြင်း မရှိပါဘူး။
အစိုးရအဆောက်အဦးတွေထဲ ဆန္ဒပြသူတွေ မဝင်နိုင်အောင် ရဲတွေကို အများအပြား ချထားသလို ဆန္ဒပြသူတွေကလည်း ဆက်လက်ဆန္ဒပြမယ်လို့ ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ဒီအတိုင်းပဲ ရေရှည်မှာ ဆန္ဒပြဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပြီးနောက် ဆွေးနွေးမှုတွေ လုပ်ဖို့ ကျောင်းသားဘက်က သဘောတူတဲ့အကြောင်း အေဘီစီ သတင်းထောက် Stephen McDonell က ဟောင်ကောင်ကနေ သတင်းပေးပို့ထားပါတယ်။
![]() |
| ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေကို ရဲတွေအသင့်ပြင်ဆင်ထား |




































No comments:
Post a Comment