Wednesday, October 15, 2014

တရားစွဲခံထားရတဲ့ မဖြူနှင်းထွေးအမှုကို ရုပ်သိမ်း

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ( ဗ.က.သ ) အဖွဲ့ဝင် မဖြူနှင်းထွေးရဲ့အမှုကို ဒီနေ့ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်းနှစ်ဦးကို ဒေသခံတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး မဖြူနှင်းထွေးကို ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ သက်ဆိုင်ရာက လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီ့နောက် မဖြူနှင်းထွေးကို ပြန်ပေးဆွဲမှု၊ တစ်ဦးတစ်ယောက်ကို အန္တရာယ်ဖြစ်စေအောင် သွေးဆောင်ဖြားယောင်းမှု ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment