Thursday, October 16, 2014

အရက်ဝိုင်းတွင်စကားများသည့်ကိစ္စအား မကျေနပ်၍ ဓားနှင့် ခုတ်သဖြင့်သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၁၆

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအုပ်စု၊ စပျဉ်းတောင်ပေါ်တဲတိုက်ရွာနေ မမြင့်ခိုင်(၂၆)နှစ်၏ နေအိမ်၌ ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ဆွေဦး(၂၅)နှစ်နှင့် အောင်ဌေးတို့ အရက်အတူသောက်နေစဉ် တစ်ရပ် တည်းနေ အေးမြင့်(၃၆)နှစ်သည် အရက်မူးရောက်ရှိလာပြီး အရက်ဝိုင်းတွင်ထိုင်ကာ အောင်ဆွေဦးနှင့် စကားများခဲ့သည်။

ထို့နောက် နေ့လယ် ၁ နာရီခွဲအချိန် အောင်ဆွေဦး ဈေးဝယ်သွားရာ အေးမြင့်၏တဲဘက် အရောက် စကားများခဲ့သည့်ကိစ္စအားမကျေနပ်၍ အေးမြင့်မှ အောင်ဆွေဦးအား အရိုးအသွား(၃၂) လက်မခန့်ရှိ ဓားကောက်နှင့်ခုတ်သဖြင့် အောင်ဆွေဦးတွင် ဦးခေါင်းငယ်ထိပ်မှ နဖူးထိပြတ်ရှဒဏ်ရာ ၁ ချက်ရရှိ သေဆုံးသွားသောကြောင့် အေးမြင့်အား ဘက်ရဲနယ်မြေရဲစခန်း(ပ)၇၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment