အဆိုပါ ပလက်ဖောင်နှင့် ကပ်လျက်တွင် Naing Group ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှ အောက်ခံဖောင်ဒေးရှင်း ပိုင်ရိုက်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ကျွံကျခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
အဆိုပါ မြေကျွံကျမှုကြောင့် ပလက်ဖောင်ပေါ်တွင် ဈေးရောင်းချနေသည့် စာရေး ကိရိယာဆိုင်မှ ပစ္စည်းအချို့ မြေကျွံကျမှုတွင် ပါဝင်သွားပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြေကျွံကျသည့်ပလက်ဖောင်းပေါ်မှ ဈေးရောင်းချနေသူများသည် ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီး နိုင်ဂရုဆောက်လုပ်ရေးမှ ၀န်ထမ်းများကလည်း မြေကျွံကျရာနေရာသို့ သဲဖို့ခြင်း၊ ပစ္စည်းများ ကူညီရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

No comments:
Post a Comment