Wednesday, October 8, 2014

အရှိန်မထိန်း နိုင်သောယာဉ်မှ ၀င်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၈

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၈/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ စိုးမြင့်အောင် (၂၉)နှစ်မောင်းနှင်လာသော 1G/xxxx BIGHORN အနက်ရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း အနောက်ဘက်မှအရှေ့ဘက်သို့ လမ်းဖြတ်ကူးသည့် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာနေ ကိုကျော်လွင် (၄၅)နှစ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ကိုကျော်လွင်မှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့် စိုးမြင့်အောင်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment