Wednesday, October 8, 2014

အရှိန်မထိန်း နိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်၍ (၆)ဦးဒဏ်ရာရ

နေပြည်တော်၊ အောက်တိုဘာ ၈

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၇၅/၇)နှင့်(၂၇၆/၀)ကြားတွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ တရုတ်စုရပ်ကွက်နေ မျိုးသူရ(၃၅)နှစ် မောင်းနှင်လာသည့် 8D/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျား(၅)ဦး၊ မ(၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး မျိုးသူရအား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment