အောက်တိုဘာ ၂ ရက်နေ့က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ
ခေါင်းဆောင် ဦးထင်ကျော် ကို ကျောက်တံတားမြို့နယ် တရားရုံးမှာ
ရုံးထုတ်စဉ် တကိုယ်တော် ဆန္ဒပြတဲ့ မစိန်ထွေးကို ကျောက်တံတား ရဲစခန်းက
ဖမ်းဆီး ခေါ်ဆောင်သွား ပါတယ်။
သူဟာ သမ္မတဦးသိန်းစိန်ကို နာဇီလို့ ရေးထားတဲ့ပိုစတာကို ကျောက်တံတား
တရားရုံးရှေ့မှာ ကိုင်ဆောင်ကာ တကိုယ်တော်ဆန္ဒပြခဲ့ပြီး စာတွေလည်း
ဝေခဲ့ပါတယ်။
အဲလို လှုပ်ရှားမှုပြုလုပ်ပြီးနောက်ပိုင်းမှာ သူ့ကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
မစိန်ထွေးဟာ ဦးထင်ကျော် ဦးဆောင်တဲ့ ဒီမိုကရေစီရေးစဉ်ဆက်လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) က ဖြစ်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment