Wednesday, October 8, 2014

စစ်ကိုင်းတိုင်းဒေသကြီး ၌ ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၉၀ ဦးရှိခဲ့

မုံရွာ ၊ ၈-၁၀-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ၌ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကိုးလာတာ ကာလအတွင်း ယာဉ်တိုက်မှု များကြောင့် သေဆုံးသူ ၂၉၀ ဦး ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၏ ပြောကြားချက် အရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ ခရိုင်မြို့ ၉ မြို့ ၊ မြို့နယ် ၃၇ ခု ၊ မြို့နယ်ခွဲ ၈ ခုရှိပြီး ကျေးရွာပေါင်း ၆၁၀၅ ရွာနှင့် ရပ်ကွက်ပေါင်း ၁၉၄၆ ရပ်ကွက် ရှိသည်။ လူဦးရေ အနေဖြင့် ၅၉၀၁၂၇၄ ဦးခန့် ရှိပြီး ယာဉ်အစီးရေ ၄၈၇၆၉၂ စီးရှိသည့် အတွက် ပျမ်းမျှ ၁၂ ဒသမ ၁၀ ဦးလျှင် ယာဉ် အသုံးပြုမှုမှာ တစ်စီးခန့် ဖြစ်ကြောင်း အမှတ် (၁၄) မုံရွာ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး ၏ မှတ်တမ်းများ အရ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ၌ ဖော်ပြပါ ကိုးလတာ ကာလအတွင်း ယာဉ်တိုက်မှု များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရာတွင် တစ်လလျှင် ပျမ်းမျှ ယာဉ်တိုက်မှု ၁၁၆ ဒသမ ၆၆ မှု ရှိသည်။ ထို့ကြောင့် တစ်နေ့လျှင် ပျမ်းမျှ ယာဉ်တိုက်မှု အနည်းဆုံး ၃ ဒသမ ၈၆ ကြိမ်ခန့် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု များကြောင့် ဒဏ်ရာ ရရှိသူ တစ်လလျှင် ပျမ်းမျှ ၂၂၀ ဒသမ ၇၇ ဦး ၊ သေဆုံးသူ တစ်လလျှင် ပျမ်းမျှ ၃၃ ဒသမ ၂၂ ဦး ရှိသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေး အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် အပြည်ပြည် ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် ( 5 E - System ) နှင့်အညီ အကောင်းဆုံး ပြုပြင် ထိန်းသိမ်း လိုက်နာ ဆောင်ရွက် သွားကြရန် ၄င်းက ထပ်မံ ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (၄၅၁)



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment