Wednesday, October 8, 2014

ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့အနီးရှိ မြို့သုံးမြို့ကို ISIS စစ်သွေးကြွများ သိမ်းပိုက်

ဒမတ်စကတ် ၊ ၈-၁၀-၂၀၁၄

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ဆီးရီးယား မြောက်ပိုင်းရှိ အဓိက ကျသည့် ကာ့ဒ်မြို့ကြီး တစ်မြို့ ဖြစ်သော ကိုဘာနီမြို့ အနီးရှိ မြို့သုံးမြို့ကို သိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၆ ရက်တွင် ပြောကြား လိုက်သည်။

အဆိုပါ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ကိုဘာနီမြို့ အရှေ့ပိုင်းရှိ ကာ့ဒ် ပြည်သူ့ ကာကွယ်ရေး ညီညွတ်မှုအဖွဲ့ (YPG) မှ တပ်ဖွဲ့ဝင် များနှင့် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွား ခဲ့ပြီးနောက် ကာနီအာရာဘန် စက်မှုဇုန် မြို့ကြီးနှင့် မက်တာလာအယ်လ် ဂျာဒီဒါ မြို့များကို သိမ်းပိုက် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု များကြောင့် ဒေသခံ ပြည်သူ ရာပေါင်း များစွာမှာ တူရကီ နယ်စပ် အနီးသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း နှင့် ကာ့ဒ်တပ်ဖွဲ့ဝင် များနှင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအကြား ကိုဘာနီမြို့အနောက် တောင်ပိုင်းရှိ ဝင်ပေါက် အနီးတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

ယခုအခါ ရာပေါင်း များစွာသော ကာ့ဒ် တိုက်ခိုက်ရေး သမားများသည် တူရကီမှ တစ်ဆင့် ဆီးရီးယား နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို တိုက်ခိုက် နေသည့် ကာ့ဒ်တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း ခဲ့ကြသည်ဟု မြေပြင်မှ ရရှိသော သတင်းများကို ကိုးကား၍ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောကြား ထားသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ကိုဘာနီမြို့ ကို သိမ်းပိုက်နိုင်ရန် အတွက် သီတင်းပတ် နှစ်ပတ်ကြာ ဝိုင်းရံ တိုက်ခိုက်လျက် ရှိပြီး ယင်းမြို့ အနီးရှိ ကျေးရွာပေါင်း များစွာကို သိမ်းပိုက် ထားပြီး ဖြစ်ကြောင်း သိရသည်။


ကိုဘာနီမြို့ အနီးရှိ မြို့သုံးမြို့ကို သိမ်းပိုက်လိုက်သော ISIS စစ်သွေးကြွများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment