Thursday, October 9, 2014

အမေရိကန် တိုက်လေယာဉ်တစီး ပျက်ကျ

အမေရိကန်လေတပ်ပိုင် တိုက်လေယာဉ်တစီးဟာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ပျက်ကျသွားခဲ့တယ်လို့ အမေရိကန်လေတပ်က အတည်ပြုပါတယ်။

ဒါပေမယ့် လေယာဉ်မှူး ကတော့ လေယာဉ်ပေါ်ကနေ ခုန်ချခဲ့လို့ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။

ဥရောပ ဒေသဆိုင်ရာ အမေရိကန်လေတပ် ဌာန ပြောခွင့်ရသူ အမျိုးသမီးက F-15 လေယာဉ်ပျက် ကျသွားတာ နဲ့ လေယာဉ်မှူး ဘေးကင်းတာကို အတည်ပြုပါတယ်။

ဒေသသတင်းစာတွေရဲ့ ရုပ်ပုံတွေမှာတော့  လယ်ကွင်းထဲမှာ လေယာဉ် မီးလောင်နေပုံနဲ့ မီးခိုးတွေ ထွက်ပေါ်နေပုံ ကို ဖော်ပြထားပါတယ်။

လေတပ်ပြောခွင့်ရ အမျိုးသမီး ဗိုလ်ကြီး ကာရိုလိုင်းဂလိုဘာက လေယာဉ်ရဲ့ ဦးတည်ရာ ခရီးကိုတော့ မပြောပါဘူး။

မျက်မြင်သက်သေတဦးကတော့ လေယာဉ်ထိုးဆင်းသွားတာကိုရော၊ လေယာဉ်မှူး ခုန်ချလိုက်တာကိုပါ နီးနီးကပ်ကပ်တွေ့လိုက်ရတာလို့ ပြောပြပါတယ်။

သူ့အိမ်နဲ့ အရမ်းနီးလို့ အရမ်းလည်း ကြောက်စရာ ကောင်းတယ်လို့ ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment