Thursday, October 9, 2014

ISIS စစ်သွေးကြွများကို ထိုးစစ်ဆင်ရန် ပထမဆုံးအကြိမ် အဖြစ် နယ်သာလန်တိုက်လေယာဉ်များ ပါဝင်တိုက်ခိုက်

သဟေ့ဂ် ၊ ၉-၁၀-၂၀၁၄

နယ်သာလန် နိုင်ငံမှ F-16 တိုက်လေယာဉ် နှစ်စင်းသည် အီရတ်နိုင်ငံ အတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို အောက်တိုဘာ ၇ ရက်က ပထမဆုံး အကြိမ်အဖြစ် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း နယ်သာလန် ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားချက်ကို Xinhua သတင်းဌာနက ကိုးကား၍ ဖော်ပြ ခဲ့သည်။

နယ်သာလန် တိုက်လေယာဉ် များ၏ တိုက်ခိုက်မှု များကြောင့် စစ်သွေးကြွ များ၏ မော်တော်ယာဉ်များ ပျက်စီးခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ဖွယ် ရှိကြောင်း အဆိုပါ ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုများ မလုပ်ဆောင်မီ F-16 တိုက်လေယာဉ် များကို အီရတ်နိုင်ငံ အတွင်း ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ၌ လေ့လာမှုများ လုပ်ဆောင်ရန် အောက်တိုဘာ ၅ ရက်က ပထမအကြိမ် စေလွှတ် ခဲ့ကြောင်း၊သို့သော် ယင်းအချိန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ နယ်သာလန် အစိုးရသည် ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရန် F-16 တိုက်လေယာဉ် ရှစ်စင်းကို အောက်တိုဘာ ၄ ရက်ကတည်းက ၄င်းဒေသ များတွင် တပ်ဖြန့် ချထားခဲ့ပြီး နှစ်စင်းကို အရန်အဖြစ် ထားရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ဆင်ရေး အတွင်း F-16 တိုက်လေယာဉ် များအတွက် တပ်ဖွဲ့ဝင် ၂၅ဝ ဦး၊ ကာဒစ်ရှ် နှင့် အီရတ် တပ်ဖွဲ့ဝင် များကို လေ့ကျင့် သင်ကြား ပေးရန် တပ်ဖွဲ့ဝင် ၁၃ဝ ဦး စုစုပေါင်း ၃၈ဝ ဦး ပါဝင်မည် ဖြစ်သည်။

နယ်သာလန် နိုင်ငံသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား ထိုးစစ်ဆင် နိုင်ရန်အတွက် ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ နှင့် အခြား အာရပ်နိုင်ငံ များ အပါအဝင် အမေရိကန် ဦးဆောင်မှု အောက်တွင် ရှိသော အခြား နိုင်ငံများနှင့် ပူးပေါင်း ခဲ့ကြောင်း သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment