Tuesday, October 14, 2014

ရှင်ဂျန်း ပြည်နယ်မှာ ၁၂ ဦးကို သေဒဏ်ချ

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်မှု အတွက် လူ ၁၂ ယောက်ကို သေဒဏ် ချမှတ်လိုက်ပါတယ်။

တခြား လူ အတော်များများ ကိုလည်း ဆိုင်းငံ့ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ရှင်ဂျန်း ပြည်နယ်မှာ အစိုးရ ရုံးတွေနဲ့ ရဲစခန်း တစ်ခုကို တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အဲဒီ ဖြစ်စဉ်မှာ တိုက်ခိုက်သူ ၅၀ ကျော်နဲ့ အတူ အရပ်သားတွေလည်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဗဟို အစိုးရရဲ့ ဖိနှိပ်မှုတွေကို ခံနေရတယ်လို့ ပြောနေတဲ့ ဝိဂါ လူမျိုးတွေ အများစု နေထိုင်ရာ ရှင်ဂျန်း ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အကြမ်းဖက်မှုတွေ တိုးပွားလာခဲ့ပါတယ်။



အားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment