Newborn baby ကလေးမွေးတော့မယ်ဆိုရင်
ဒေါက်တာရှင့် ကျမ အခုပထမကိုယ်ဝန်လွယ်ထားတဲ့သူပါ။ မွေးခါနီးပါပြီ။ ကလေးအတွေ
့အကြုံ ဘာမှမရှိတဲ့အတွက် ဒေါက်တာကို စာရေးအကူအညီတောင်းရတာပါ။
ကလေးမွေးပြီးရင် ကလေးကိုဘယ်လို ကြည့်ရမယ်။ တစ်နေ့ ရေဘယ်နှစ်ကြိမ်
ချိုးပေးရမလဲ။ ရေများများတိုက်ရမှာလား။
မွေးခါစကလေးကို သေးခံဝတ်ပေးသင့် မသင့်။ ကလေးနဲ
့ပတ်သတ်တဲ့သိသင့်သိထိုက်တဲ့အရာတွေကို သိချင်ပါတယ်ရှင့်။ ဒေါက်တာမှာ new
born နဲ့ ပတ်သတ်တဲ့ စာတွေရေးထားတာရှိရင်လည်း ဖတ်ချင်ပါတယ်ရှင့်။ ဒေါက်တာ့
ကျန်းမာရေး ပိုစ့်တွေကိုလည်းဖတ်ဖြစ်ပါတယ်။ အများအတွက်အကျိုးရှိတဲ့
ကျန်းမာရေးအသိတွေကို ဝေမျှပေးတဲ့ဒေါက်တာလည်း ကိုယ်ကျန်းမာ
စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။
သိပ်မပူပင်ပါနဲ့။
မွေးမွေးချင်း ကလေးကို ရေချိုးလဲရတယ်။ ရာသီဥတုနဲ့ နေရာထိုင်ခင်းအရ
နောက်မှချိုးလဲရတယ်။ ချက်ကြိုးကို Cipladine/Betadine cream ဆေးလိမ်းပေးပါ။
ချက်နေရာကို ခြောက်နေအောင်ထားရင် ကြွေတာမြန်မယ်။
မွေးကတည်းက ကလေးကိုနို့တိုက်ပါ။ ကနဦးရည်ကြည်ကို ညှစ်မပြစ်ပါနဲ့။
မွေးကတည်းက ကာကွယ်ဆေး ထိုး-တိုက်ပါ။ BCG, Hepatitis B, OPV, Eye drop
နောက်မှာလဲ ဇယားအတိုင်းထိုး-တိုက်ပါ။
ကလေးကို ရေတိုက်သင့်တယ်။ တချို့က ၆ လအထိမတိုက်ဘူး။ ကိုယ်ပူရင်၊
ရာသီဥတုပူရင်၊ အသားဝါ မြန်မြန်ပျောက်အောင် ရေတိုက်သင့်တယ်။
မိခင်တခါသောက်ရင် ကလေးကို တခါတိုက်ပါ။
Diaper ကို သုံးနိုင်ပါတယ်။ သတိထားရမှာက မလောင်စေဘို့ဘဲ။ အချိန်နဲ့ လဲပေးရမယ်။
အလားတူ ကလေးပေါင်ဒါသုံးရင် ကလေးနဲ့ မတည့်တာမျိုး ရှိတယ်။ ပြောင်းသုံးနိုင်တယ်။
ကလေးငယ်တုံးမှာ ဆေးမတိုက်လေ ကောင်းလေဘဲ။
ပိုးသေဆေးတိုက်ရင် ဆရာဝန်ညွှန်မှသာ တိုက်ပါ။ ပါရာစီတမောအရည်ကို တိုက်စရာလိုရင် ကိုယ်အလေးချိန်နဲ့ ချိန်ဆရမယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment