Mosul မြို့နဲ့ ကီလိုမီတာ တစ်ရာ လောက်သာရှိတဲ့ Rabia မြို့ကို အီရတ်နိုင်ငံက Kurdish တပ်တွေက ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီမြို့ဟာ IS တပ်အတွက် အရေးကြီးတဲ့မြို့ဖြစ်သလို လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်နိုင်အောင် ပြုလုပ်ပေးတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအတွက် Kurds အဖွဲ့က အများကြီး ပေးဆပ်ခဲ့ရပြီး ကျဆုံးသွားတဲ့ Kurds တပ်ဖွဲ့ထဲမှာ အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အသေခံ ဗုံးဖောက်ခွဲရေးသမားတွေက ကားတွေကို အသုံးပြုပြီး Kurds တပ်ဖွဲ့တွေအကြား သွားလာခဲ့ရာက သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာပါ။
ဆီးရီးယားနိုင်ငံမှာရှိတဲ့ IS တပ်ဖွဲ့တွေကတော့ Kobane မြို့ဆီကို ရောက်ရှိနေဆဲဖြစ်ပြီး အမေရိကန်ကတော့ IS အဖွဲ့ရဲ့ အဓိကနေရာတွေကို ဝေဟင်ကနေ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ အခုအခါမှာ IS တပ်ဖွဲ့တွေက Kobane မြို့နဲ့ နှစ် ကီလိုမီတာ အကွာအဝေးမှာ ရောက်ရှိနေပြီလို့ အေဘီစီ သတင်းထောက် Matthew Carney က ပြောပါတယ်။
ဗြိတိန်ကလည်း ဝေဟင်တိုက်ခိုက်မှု စတင်ပြီ
ဗြိတိန်နိုင်ငံကလည်း အီရတ်နိုင်ငံအတွင်းက IS တပ်ဖွဲ့တွေကို ပထမဆုံးအကြိမ်အဖြစ် ဝေဟင်ကနေ တိုက်ခိုက်မှု လုပ်လိုက်ပါပြီ။
အဲဒီလို တိုက်ခိုက်မှုအတွင်း လက်နက်ကြီးစခန်းနဲ့ စက်သေနတ်တင်ဆောင်တဲ့ ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဘယ်နေရာမှာ ဘယ်အချိန်တုန်းက တိုက်ခိုက်မှု လုပ်ခဲ့သလဲဆိုတာ မပြောထားပေမယ့် Kurdish တပ်ဖွဲ့ကို အကူအညီပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တပါတ်ကပဲ ဗြိတိန်ပါလီမန်က အမေရိကန်က ဦးဆောင်တဲ့ ဝေဟင်တိုက်ခိုက်မှုမှာ ပါဝင်ဖို့ ခွင့်ပြုပြီးနောက် အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
![]() |
Kurdish တပ်ဖွဲ့ဝင်များ |
No comments:
Post a Comment