Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ISသိမ်းပိုက်တဲ့ Rabia မြို့ကို ကာ့တ်အဖွဲ့ ပြန်လည်ရယူနိုင်

အမေရိကန်ရဲ့ ​ဝေဟင်တိုက်ခိုက်မှုအကူအညီ ​ရရှိခဲ့တဲ့ ​Kurdish ​တပ်ဖွဲ့တွေဟာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်ထားတဲ့ ​မြို့တစ်မြို့ကို ​ပြန်လည် ​ရယူနိုင်ခဲ့ပါတယ်။

Mosul ​မြို့နဲ့ ​ကီလိုမီတာ ​တစ်ရာ ​လောက်သာရှိတဲ့ ​Rabia ​မြို့ကို ​အီရတ်နိုင်ငံက ​Kurdish ​တပ်တွေက ​ပြန်လည်ရယူနိုင်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီမြို့ဟာ ​IS ​တပ်အတွက် ​အရေးကြီးတဲ့မြို့ဖြစ်သလို ​လိုအပ်တဲ့ ​ပစ္စည်းတွေကို ​သယ်ယူပို့ဆောင်နိုင်အောင် ​ပြုလုပ်ပေးတဲ့ ​မြို့တစ်မြို့ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အဲဒီအတွက် ​Kurds ​အဖွဲ့က ​အများကြီး ​ပေးဆပ်ခဲ့ရပြီး ​ကျဆုံးသွားတဲ့ ​Kurds ​တပ်ဖွဲ့ထဲမှာ ​အဆင့်မြင့်အုပ်ချုပ်ရေး ​အရာရှိတစ်ဦးလည်း ​ပါဝင်ခဲ့ပါတယ်။ ​အသေခံ ​ဗုံးဖောက်ခွဲရေးသမားတွေက ​ကားတွေကို ​အသုံးပြုပြီး ​Kurds ​တပ်ဖွဲ့တွေအကြား ​သွားလာခဲ့ရာက ​သေဆုံးမှုတွေ ​ဖြစ်ပွားခဲ့တာပါ။

ဆီးရီးယားနိုင်ငံမှာရှိတဲ့ ​IS ​တပ်ဖွဲ့တွေကတော့ ​Kobane ​မြို့ဆီကို ​ရောက်ရှိနေဆဲဖြစ်ပြီး ​အမေရိကန်ကတော့ ​IS ​အဖွဲ့ရဲ့ ​အဓိကနေရာတွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်နေဆဲ ​ဖြစ်ပါတယ်။ ​အခုအခါမှာ ​IS ​တပ်ဖွဲ့တွေက ​Kobane ​မြို့နဲ့ ​နှစ် ​ကီလိုမီတာ ​အကွာအဝေးမှာ ​ရောက်ရှိနေပြီလို့ ​အေဘီစီ ​သတင်းထောက် ​Matthew ​Carney ​က ​ပြောပါတယ်။


ဗြိတိန်ကလည်း ​ဝေဟင်တိုက်ခိုက်မှု ​စတင်ပြီ


ဗြိတိန်နိုင်ငံကလည်း ​အီရတ်နိုင်ငံအတွင်းက ​IS ​တပ်ဖွဲ့တွေကို ​ပထမဆုံးအကြိမ်အဖြစ် ​ဝေဟင်ကနေ ​တိုက်ခိုက်မှု ​လုပ်လိုက်ပါပြီ။

အဲဒီလို ​တိုက်ခိုက်မှုအတွင်း ​လက်နက်ကြီးစခန်းနဲ့ ​စက်သေနတ်တင်ဆောင်တဲ့ ​ယာဉ်တွေကို ​ဖျက်ဆီးနိုင်ခဲ့တယ်လို့ ​ဗြိတိန်ကာကွယ်ရေး ​ဝန်ကြီးဌာနက ​ထုတ်ပြန်ထားပါတယ်။

ဘယ်နေရာမှာ ​ဘယ်အချိန်တုန်းက ​တိုက်ခိုက်မှု ​လုပ်ခဲ့သလဲဆိုတာ ​မပြောထားပေမယ့် ​Kurdish ​တပ်ဖွဲ့ကို ​အကူအညီပေးတဲ့အနေနဲ့ ​တိုက်ခိုက်ခဲ့တာလို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​တပါတ်ကပဲ ​ဗြိတိန်ပါလီမန်က ​အမေရိကန်က ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုမှာ ​ပါဝင်ဖို့ ​ခွင့်ပြုပြီးနောက် ​အခုလို ​လုပ်ဆောင်လိုက်တာ ​ဖြစ်ပါတယ်။


Kurdish တပ်ဖွဲ့ဝင်များ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ