Tuesday, October 7, 2014

ကိုဘာနီမြို့ IS လက်ထဲ ကျရောက်ဖို့နီးလာ

ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့မှာ ​IS ​အစ္စလာမ်မစ်တွေ ​ထိုးစစ်ဆင် နေဆဲဖြစ်ပြီး ​ကိုဘာနီမြို့ကို ​အကြမ်းဖက်သမားတွေရဲ့ ​လက်ထဲ ​ထိုးပေး လိုက်ရတော့မယ့် ​အခြေအနေ ​ရှိနေပါတယ်။

Kurdish ​တပ်ဖွဲ့တွေက ​ပြန်လည်ခုခံ ​တိုက်ခိုက်နေသလို ​အမေရိကန် ​ဦး ​ဆောင် ​တဲ့ ​ဝေဟင် ​တပ်ဖွဲ့ ​ကလည်း ​ဝေဟင် ​တိုက်ခိုက်မှု ​တိုးချဲ့ ​လုပ်ဆောင်ပေမယ့် ​တိုးတက်မှုတွေ ​များများစားစာ ​မရှိ ​သေးပါဘူး။

ကိုဘာနီမြို့တောင်ပိုင်းမှာတော့ ​IS ​အဖွဲ့ရဲ့ ​အလံတွေကို ​မြင်နေရပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ​Kurdish ​လူမျိုး ​ထောင်နဲ့ချီ ​တူရကီနိုင်ငံထဲကို ​ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ​သိရပါတယ်။

ကိုဘာနီမြို့ဟာ ​IS ​တပ်ရဲ့ ​လက်ထဲ ​ရောက်သွားတော့မယ်လို့ ​တူရကီ ​သမ္မတကလည်း ​ပြောလိုက်ပါတယ်။ ​အမေရိကန်အနေနဲ့ ​IS ​အဖွဲ့ကို ​ဝေဟင်ကနေသာမက ​ဘက်ပေါင်းစုံ ​ထိုးစစ်ဆင်မှုတွေ ​လုပ်ဖို့လိုကြောင်း ​တူရကီ ​သမ္မတ ​Tayyip ​Erdogan ​က ​ပြောဆိုလိုက်ပေမယ့် ​ကူညီတိုက်ခိုက်တာမျိုး ​မလုပ်သေးပါဘူး။

IS ​အဖွဲ့က ​သုံးပါတ်ကြာ ​ဆက်တိုက် ​ထိုးစစ်ဆင်မှုတွေ ​လုပ်ပြီးနောက် ​အောင်မြင်မှု ​ရဖို့ ​နီးစပ်လာတာပါ။


ကိုဘာနီမြို့ မြင်ကွင်းတစ်ခု


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment