အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါ ခံစားနေရသူထံမှ အလွယ်တကူ ကူးစက်နိုင်သော ရောဂါ ဖြစ်သောကြောင့် ISIS စစ်သွေးကြွများအတွက်ခက်ခဲသောလုပ် ရပ် မဟုတ်ကြောင်း၊ ထို့ကြောင့် ISIS စစ်သွေးကြွအဖွဲ့သည် ယင်းဗိုင်းရပ်စ်ပိုးကို လက်နက်တစ်ခုသဖွယ် အသုံးပြု၍ ၎င်းတို့တိုက်ခိုက်ဖျက်ဆီးလိုသည့် နိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဟု ယူဆရကြောင်း အမေရိကန်ရေတပ်ဆိုင်ရာ စစ်တက္ကသိုလ်ရှိ အမျိုးသားလုံခြုံရေးဌာနမှ ပါမောက္ခ အယ်လ်ရှင်ကွက်စ်က ဆက်လက်ပြောကြားခဲ့သည်။
ISIS အဖွဲ့ကအသုံးချမည့် အဆိုပါ နည်း ဗျူဟာသည် အမှန်တကယ်ဖြစ်နိုင်ခြေရှိ သော နည်းဗျူဟာတစ်ခုဖြစ်ပြီး ၎င်းရောဂါ ပိုးကို တစ်ဦးချင်းစီက သယ်ဆောင်လာနိုင် ဖွယ်ရှိကြောင်း အမေရိကန် Naval War ကောလိပ်ရှိ အမျိုးသား လုံခြုံရေးဌာနမှ ပါမောက္ခ အန်ထော်နီဂလီးစ်က ရှင်ကွက်စ်၏ ပြောကြားချက်ကို အတည်ပြုထောက်ခံထားသည်။
အီဘို လာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အနောက်အာဖရိကတွင် လူဦးရေ ၄ဝဝဝ နီးပါး သေဆုံးပြီးနောက် အမေရိကန်ပြည် ထောင်စုတွင် အောက်တိုဘာ ၈ ရက်က အဆိုပါ ရောဂါပိုးခံစား နေရသူကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း၊ ဥရောပတစ်ဝန်း တွင်လည်း ၎င်းရောဂါပိုးကူးစက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment