Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

ISIS အဖွဲ့က အီဘိုလာ ဗိုင်းရပ်စ် ပိုးကို ဇီဝ လက်နက် အဖြစ် အသုံး ပြုမည်ဟု ဆို

အနောက် အင်အားကြီး နိုင်ငံများ အနေဖြင့် အီဘိုလာ ရောဂါပိုးကူး စက်ပျံ့နှံ့မှုနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေ စဉ် ISIS အဖွဲ့က ၎င်းဗိုင်းရပ်စ်ပိုးကို ဇီဝလက်နက် တစ်မျိုးအဖြစ် အသုံးပြု၍ အနောက် နိုင်ငံများကို တိုက်ခိုက်ရန် စဉ်းစား လျက်ရှိကြောင်း စစ်ဘက်ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါ ခံစားနေရသူထံမှ အလွယ်တကူ ကူးစက်နိုင်သော ရောဂါ ဖြစ်သောကြောင့် ISIS စစ်သွေးကြွများအတွက်ခက်ခဲသောလုပ် ရပ် မဟုတ်ကြောင်း၊ ထို့ကြောင့် ISIS စစ်သွေးကြွအဖွဲ့သည် ယင်းဗိုင်းရပ်စ်ပိုးကို လက်နက်တစ်ခုသဖွယ် အသုံးပြု၍ ၎င်းတို့တိုက်ခိုက်ဖျက်ဆီးလိုသည့် နိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဟု ယူဆရကြောင်း အမေရိကန်ရေတပ်ဆိုင်ရာ စစ်တက္ကသိုလ်ရှိ အမျိုးသားလုံခြုံရေးဌာနမှ ပါမောက္ခ အယ်လ်ရှင်ကွက်စ်က ဆက်လက်ပြောကြားခဲ့သည်။

ISIS အဖွဲ့ကအသုံးချမည့် အဆိုပါ နည်း ဗျူဟာသည် အမှန်တကယ်ဖြစ်နိုင်ခြေရှိ သော နည်းဗျူဟာတစ်ခုဖြစ်ပြီး ၎င်းရောဂါ ပိုးကို တစ်ဦးချင်းစီက သယ်ဆောင်လာနိုင် ဖွယ်ရှိကြောင်း အမေရိကန် Naval War ကောလိပ်ရှိ အမျိုးသား လုံခြုံရေးဌာနမှ ပါမောက္ခ အန်ထော်နီဂလီးစ်က ရှင်ကွက်စ်၏ ပြောကြားချက်ကို အတည်ပြုထောက်ခံထားသည်။

အီဘို လာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အနောက်အာဖရိကတွင် လူဦးရေ ၄ဝဝဝ နီးပါး သေဆုံးပြီးနောက် အမေရိကန်ပြည် ထောင်စုတွင် အောက်တိုဘာ ၈ ရက်က အဆိုပါ ရောဂါပိုးခံစား နေရသူကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း၊ ဥရောပတစ်ဝန်း တွင်လည်း ၎င်းရောဂါပိုးကူးစက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ