အဲဒီလို နေရာတကာကို သယ်ယူသွားနိုင်တဲ့ ရောဂါ စမ်းသပ်ရေးစက်ကို Freedom4 လို့ခေါ်ပြီး DNA ဖွဲ့စည်းမှုတွေ၊ ဘက်တီရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ရောက်ရာ နေရာမှာ ချက်ခြင်း စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် ရောဂါပိုး စစ်ဆေးမှုရဲ့ ရလဒ်ကို သိရဖို့အတွက် သီးသန့်ဌာနကို ပို့ဆောင်ရပြီး ရက်နဲ့ချီကြာအောင် စောင့်ဆိုင်းကြရပါတယ်။ အထူး သဖြင့် ကျေးလက်ဒေသမှာ အဖြေချက်ခြင်း မသိနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခုလို နေရာတကာမှာ စမ်းသပ်စစ်ဆေးနိုင်မယ့် စက်တွေကြောင့် အီဘိုလာလို ရောဂါပိုးကို စမ်းသပ်ရာမှာလည်း မြန်ဆန်မှာ ဖြစ်ပါတယ်။
အီဘိုလာ ပိုးရှိမရှိကို ရက်ချီကြာအောင် စောင့်စရာမလိုပဲ ချက်ခြင်းသိနိုင်မယ့်အတွက် အချိန်မှီ ကုသမှု ပိုပေးနိုင်မှာ ဖြစ်သလို ရောဂါ ဖြစ်နိုင်တဲ့လူကို စောစီးစွာ ခွဲခြားထားနိုင်မှာ ဖြစ်တဲ့အတွက် ကူးစက်မှုနှုန်းကိုလည်း ထိန်းသိမ်းနိုင်မယ့် အနေအထား ပိုရှိလာပါတယ်။
သွေးထဲမှာ ဘာရောဂါ ပိုးရှိသလဲ ဆိုတာကို တစ်နာရီခွဲအတွင်း သိနိုင်တာ ဖြစ်ပါတယ်။
အဲဒီစက်ကို တီထွင်ဖို့ အချိန် ၆ နှစ်ယူခဲ့ရပြီး အဲဒီစက်ဟာ ဘက်ထရီကို အသုံးပြုတဲ့ စက်ဖြစ်တဲ့အတွက် ကြိုက်တဲ့နေရာကို သယ်သွားပြီး စမ်းသပ်မှု လုပ်နိုင်တာ ဖြစ်ပါတယ်။
![]() |
| သွေးကို စမ်းသပ်စစ်ဆေးနေစဉ် |

No comments:
Post a Comment