Thursday, October 9, 2014

Taxas ပြည်နယ်က အီဘိုလာဝေဒနာသည် ကွယ်လွန်

အမေရိကန်နိုင်ငံမှာ ​အီဘိုလာရောဂါ ​ကုသမှု ​ခံယူခဲ့တဲ့ ​လူနာက ​Taxas ​ပြည်နယ်မှာပဲ ​ကွယ်လွန်သွားပြီ ​ဖြစ်ပါတယ်။

သောမတ်စ် ​အဲရစ် ​ဒန်ကန်ဟာ ​လိုင်ဘေးရီးယားနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​လွန် ​ခဲ့ ​တဲ့ ​နှစ်ပါတ် ​ကျော်က ​ရောက်ရှိ ​လာပြီးနောက် ​နာမကျန်း ​ဖြစ်ခဲ့ပါတယ်။

သောမတ်စ်ဟာ ​လိုင်ဘေးရီးယား ​နိုင်ငံကနေ ​လာတဲ့အကြောင်း ​လေဆိပ်မှာ ​မပြောခဲ့ပေမယ့် ​နာမကျန်းဖြစ်လို့ ​ဆေးရုံရောက်တဲ့အခါ ​သူနာပြု ​တစ်ဦးကို ​အသိပေးခဲ့ပါတယ်။

ဒါပေမဲ့ ​သူနာပြုရဲ့ ​ဆေးမှတ်တမ်းကို ​သတိမပြုမိတဲ့အတွက် ​သာမာန် ​ဖျားနာမှုလို့သာ ​ယူဆပြီး ​အိမ်ပို့ခဲ့ကြပါတယ်။

အခြေအနေ ​ပိုဆိုးလာပြီး ​ဆေးရုံ ​နောက်တစ်ကြိမ် ​ပြန်ရောက်တဲ့အခါမှသာ ​သိရတဲ့အတွက် ​စိုးရိမ်မှုတွေ ​ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ​အဲဒီလူနာနဲ့ ​ထိတွေ့ခဲ့သူ ​လူပေါင်း ​၄၈ ​ယောက်ကို ​စစ်ဆေးတဲ့အခါမှာ ​ရောဂါ ​လက္ခာဏာ ​မတွေ့ရတဲ့အတွက် ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်ထားတာ ​မရှိတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Jane ​Cowan ​က ​သတင်းပေးပို့ထားပါတယ်။

အခုလောလောဆယ် ​အမေရိကန်နိုင်ငံက ​အဓိက ​လေဆိပ် ​ငါးခုမှာ ​စစ်ဆေးမှုတွေ ​လုပ်နေပြီး ​အထူးသဖြင့် ​ဂီနီ၊ ​ဆီရာယာလီယွန်နဲ့ ​လိုင်ဘေးရီးယားနိုင်ငံက ​ခရီးသည်တွေကို ​အထူး ​စစ်ဆေးမှာ ​ဖြစ်ပါတယ်။

ယူကေကလည်း ​အီဘိုလာကို ​တိုးမြင့် ​တိုက်ဖျက်နေ

အီဘိုလာ ​ရောဂါပိုး ​တိုက်ဖျက်ဖို့အတွက် ​အမေရိကန်က ​စစ်သား ​ထောင်နဲ့ချီ ​ပို့ဆောင်ထားသလို ​ဗြိတိန်နိုင်ငံကလည်း ​စစ်သား ​အယောက်ပေါင်း ​၇၅၀ ​ကို ​ဆီယာရာ ​လီယွန်နိုင်ငံကို ​ပို့ဆောင်နေပါတယ်။

ယူကေစစ်သားတွေက ​ကုသရေးဌာနတွေ ​တည်ထောင်ပေးမှာဖြစ်သလို ​ဆေးပစ္စည်း ​တင်ဆောင်တဲ့ ​သင်္ဘောတစ်စင်းနဲ့ ​ကျန်းမာရေးပိုင်းဆိုင်ရာ ​ရဟတ်ယာဉ် ​သုံးစင်းကိုလည်း ​ပို့ဆောင်မယ်လို့ ​သိရပါတယ်။

စပိန်အစိုးရကတော့ ​အီဘိုလာ ​ရောဂါ ​ကူးစက်ခံရတဲ့ ​သူနာပြုဟာ ​အကာအကွယ်ပစ္စည်းတွေကို ​ခွာချလိုက်တဲ့အချိန်မှာ ​မျက်နှာကို ​ထိမိရာက ​ရောဂါကူးစက်တာ ​ဖြစ်နိုင်တယ်လို့ ​စပိန်အစိုးရက ​သုံးသပ်ထားကြောင်း ​အေဘီစီ ​သတင်းထောက် ​Barbara ​Miller ​က ​သတင်းပေးပို့ထားပါတယ်။



ကွယ်လွန်သူ သောမတ်စ် အဲရစ် ဒန်ကန် (Thomas Eric Duncan)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment