သောမတ်စ် အဲရစ် ဒန်ကန်ဟာ လိုင်ဘေးရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွန် ခဲ့ တဲ့ နှစ်ပါတ် ကျော်က ရောက်ရှိ လာပြီးနောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။
သောမတ်စ်ဟာ လိုင်ဘေးရီးယား နိုင်ငံကနေ လာတဲ့အကြောင်း လေဆိပ်မှာ မပြောခဲ့ပေမယ့် နာမကျန်းဖြစ်လို့ ဆေးရုံရောက်တဲ့အခါ သူနာပြု တစ်ဦးကို အသိပေးခဲ့ပါတယ်။
ဒါပေမဲ့ သူနာပြုရဲ့ ဆေးမှတ်တမ်းကို သတိမပြုမိတဲ့အတွက် သာမာန် ဖျားနာမှုလို့သာ ယူဆပြီး အိမ်ပို့ခဲ့ကြပါတယ်။
အခြေအနေ ပိုဆိုးလာပြီး ဆေးရုံ နောက်တစ်ကြိမ် ပြန်ရောက်တဲ့အခါမှသာ သိရတဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီလူနာနဲ့ ထိတွေ့ခဲ့သူ လူပေါင်း ၄၈ ယောက်ကို စစ်ဆေးတဲ့အခါမှာ ရောဂါ လက္ခာဏာ မတွေ့ရတဲ့အတွက် စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ထားတာ မရှိတဲ့အကြောင်း အေဘီစီ သတင်းထောက် Jane Cowan က သတင်းပေးပို့ထားပါတယ်။
အခုလောလောဆယ် အမေရိကန်နိုင်ငံက အဓိက လေဆိပ် ငါးခုမှာ စစ်ဆေးမှုတွေ လုပ်နေပြီး အထူးသဖြင့် ဂီနီ၊ ဆီရာယာလီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံက ခရီးသည်တွေကို အထူး စစ်ဆေးမှာ ဖြစ်ပါတယ်။
ယူကေကလည်း အီဘိုလာကို တိုးမြင့် တိုက်ဖျက်နေ
အီဘိုလာ ရောဂါပိုး တိုက်ဖျက်ဖို့အတွက် အမေရိကန်က စစ်သား ထောင်နဲ့ချီ ပို့ဆောင်ထားသလို ဗြိတိန်နိုင်ငံကလည်း စစ်သား အယောက်ပေါင်း ၇၅၀ ကို ဆီယာရာ လီယွန်နိုင်ငံကို ပို့ဆောင်နေပါတယ်။
ယူကေစစ်သားတွေက ကုသရေးဌာနတွေ တည်ထောင်ပေးမှာဖြစ်သလို ဆေးပစ္စည်း တင်ဆောင်တဲ့ သင်္ဘောတစ်စင်းနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ရဟတ်ယာဉ် သုံးစင်းကိုလည်း ပို့ဆောင်မယ်လို့ သိရပါတယ်။
စပိန်အစိုးရကတော့ အီဘိုလာ ရောဂါ ကူးစက်ခံရတဲ့ သူနာပြုဟာ အကာအကွယ်ပစ္စည်းတွေကို ခွာချလိုက်တဲ့အချိန်မှာ မျက်နှာကို ထိမိရာက ရောဂါကူးစက်တာ ဖြစ်နိုင်တယ်လို့ စပိန်အစိုးရက သုံးသပ်ထားကြောင်း အေဘီစီ သတင်းထောက် Barbara Miller က သတင်းပေးပို့ထားပါတယ်။
![]() |
| ကွယ်လွန်သူ သောမတ်စ် အဲရစ် ဒန်ကန် (Thomas Eric Duncan) |




































No comments:
Post a Comment