မြန်မာနိုင်ငံက သတင်းသမားတွေမှာ ဖမ်းဆီးထောင်ချခံနေရတာတွေအပြင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
"သတင်းသမားတွေကို ကျူးလွန်တဲ့ပြစ်မှုတွေက အသက်သေဆုံးတဲ့ ကိစ္စတွေလည်းရှိတယ်၊ အသက်မသေဆုံးပေမဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ခြိမ်းခြောက်တာတွေရှိပါတယ်၊ မကြာခင် ရွေးကောက်ပွဲလိုကာလမျိုးမှာ ကျနော်တို့ သင်းယူတဲ့အခါမှာ ခြိမ်းခြောက်ကျူးလွန်ခံရနိုင်တဲ့ အလားအလာတွေရှိနိုင်တယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရတစ်ခုတည်းတင်မကပဲနဲ့ တခါတလေမှာ လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ တခါတလေမှာ အစွန်းရောက်တဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ အဲ့ဒီလိုလူတွေက ကျနော်တို့ မီဒီယာသမားတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်"
ဒ့ါအပြင် ဆန္ဒပြသူတွေဟာ သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်ခံနေရမှုတွေ ပပျောက်ဖို့အတွက် ဆူးလေစေတီတော်ကို တစ်ပတ်ပတ်ပြီး တနင်္ဂနွေထောင့်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းခဲ့ကြပါတယ်။
အဲ့ဒီ အခမ်းအနားကို နိုင်ငံတကာမှာ ၂ဝဝ၉ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။
No comments:
Post a Comment