Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

သတင်းသမားများကို အန္တရာယ်ပြုမှု အဆုံးသတ်ရေး ဆန္ဒပြ

ဒီနေ့ ကျရောက်တဲ့ International Day To End Impunity for Crimes against Journalists နိုင်ငံတကာ သတင်းသမားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ သတင်းမီဒီယာသမားတွေနဲ့ အရပ်ဖက်လူမှု့အဖွဲ့အစည်းက အဖွဲ့ဝင်တွေအပါအဝင် လူ ၅ဝ ကျော်ဟာ သတင်းမီဒီယာသမားတွေအပေါ် ဥပဒေအရထိရောက်တဲ့ အကာအကွယ်ရရှိဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံက သတင်းသမားတွေမှာ ဖမ်းဆီးထောင်ချခံနေရတာတွေအပြင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

"သတင်းသမားတွေကို ကျူးလွန်တဲ့ပြစ်မှုတွေက အသက်သေဆုံးတဲ့ ကိစ္စတွေလည်းရှိတယ်၊ အသက်မသေဆုံးပေမဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ခြိမ်းခြောက်တာတွေရှိပါတယ်၊ မကြာခင် ရွေးကောက်ပွဲလိုကာလမျိုးမှာ ကျနော်တို့ သင်းယူတဲ့အခါမှာ ခြိမ်းခြောက်ကျူးလွန်ခံရနိုင်တဲ့ အလားအလာတွေရှိနိုင်တယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရတစ်ခုတည်းတင်မကပဲနဲ့ တခါတလေမှာ လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ တခါတလေမှာ အစွန်းရောက်တဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ အဲ့ဒီလိုလူတွေက ကျနော်တို့ မီဒီယာသမားတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်"

ဒ့ါအပြင် ဆန္ဒပြသူတွေဟာ သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်ခံနေရမှုတွေ ပပျောက်ဖို့အတွက် ဆူးလေစေတီတော်ကို တစ်ပတ်ပတ်ပြီး တနင်္ဂနွေထောင့်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းခဲ့ကြပါတယ်။

အဲ့ဒီ အခမ်းအနားကို နိုင်ငံတကာမှာ ၂ဝဝ၉ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ