Wednesday, November 26, 2014

ဆော်ဒီတွင် အမျိုးသမီးများ စားသောက်ဆိုင်တွင်းသို့ တစ်ယောက်တည်း မ၀င်ရောက်ရန် တားမြစ်

25 November 2014 21:20(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)
ကလူမြူဆွယ်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မိုဘိုင်းဖုန်းများ အသုံးပြုခြင်း စသည်ဖြင့် စိတ်ဂဏာ မငြိမ်ကြဟု ဆိုကာ အမျိုးသမီးများ တစ်ယောက်တည်း လာရောက်သုံးဆောင်ခြင်းကို ဆော်ဒီအာရေးဗီးယားမှ စားသောက်ဆိုင်များက တားမြစ်လိုက်ကြောင်း Dailymail တွင် ဖော်ပြပါရှိသည်။

“အမျိုးသမီး မ၀င်ရ” ဟူသော ဆိုင်းဘုတ်များကို စားသောက်ဆိုင် အတော်များများတွင် ချိတ်ထားလိုက်သည်။
အမျိုးသမီးများ တစ်ကိုယ်ရေ ခရီးသွားလာခြင်း မပြုရန် ဥပဒေအရ တားမြစ်ထားခြင်း မရှိသော်လည်း အမျိုးသမီးများအနေဖြင့် လူမြင်ကွင်းသို့ သွားရောက်ပါက မိသားစုဝင်အမျိုးသားအဖော် ပါမှသာ သွားသင့်သည်ဟူသော ဘာသာရေးယုံကြည့်မူမျိုးကို နက်နက်ရှိုင်းရှိုင်းလက်ခံနေကြဆဲ ဖြစ်သည်။

“ဒီလို ဆိုင်းဘုတ်တင်လိုက်ရတာက တစ်ယောက်တည်း လာကြပြီး ကလက်တက်တက် အပြုအမူတွေ လုပ်နေကြလို့ပါ” ဟု စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ဆော်ဒီအာရေးဗီးယားသည် ကမ္ဘာပေါ်တွင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုများတွင် အဆိုးရွားဆုံး မှတ်တမ်းများကို ပိုင်ဆိုင်ထားသည်။
လာမည့်နှစ် ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ မဲပေးခွင့် ရှိလာမည် ဖြစ်သော်လည်း ကားမောင်းခွင့် ရဦးမည် မဟုတ်ပေ။

အိမ်ထောင်ပြုရမည့် နောက်ဆုံးအသက်အရွယ်ကို မသတ်မှတ်ထားသော်လည်း ဖခင်များက ပေးစားလျှင် အသက် ၉ နှစ်နှင့်လည်း အိမ်ထောင်ပြုကြရသည်။
အမျိုးသမီးများ စက်ဘီးစီးခွင့်ရှိသော်လည်း ရိုးရာဝတ်စုံအပြည့်ဝတ်ဆင်ကာ အမျိုးသားအစောင့်အကြပ်တစ်ဦး ပါမှသာ စီးနင်းခွင့်ရှိသည်။

ဆော်ဒီအာရေးဗီးယားရှိ လူ့အခွင့်အရေးအဖွဲ့မှ အကြီးအကဲ ခါလစ်အယ်လ်ဖခရီက “ဒီဆိုင်းဘုတ်တွေက ဥပဒေကို ဆန့်ကျင်နေသလို စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးချင်းစီရဲ့ ပုဂ္ဂလအမြင်တွေကို ထင်ဟပ်နေတယ်” ဟု ဆိုသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment