Wednesday, November 26, 2014

စာရေးဆရာထင်လင်းဦးအား NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်း

25 November 2014 21:26(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)
နိုဝင်ဘာ ၂၂ရက်က ကျင်းပသည့် NLD ဗဟို အလုပ်အမှူဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးထင်လင်းဦးအား ဗဟိုပြန်ကြားရေး အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းခဲ့သည်။

ထိုကြေညာချက်သည် ဦးထင်လင်းဦးသို့ အမည်တပ်ရည်ညွှန်းသော ကြေငြာချက်ဖြစ်ပြီး မိတ္တူကို ဌာနအားလုံး(NLD ဗဟိုရုံးအဖွဲ့) ပြည်နယ်/တိုင်း အလုပ်အမှူဆောင် အဖွဲ့ဝင်များ အားလုံးသို့ ပေးပို့ထားသည်ဟု သိရသည်။ ထိုကြေငြာချက်ကို NLD CEC အဖွဲ့ဝင်ဦးဥာဏ်ဝင်း လက်မှတ်ရေးထိုးကာ နိုဝင်ဘာ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဆရာထင်လင်းဦးသည် အောက်တိုဘာ ၂၃ရက်က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာ၌ကျင်းပသော ဦးဝိစာရနေရ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ သံဃာတော်များအား စော်ကားသည့်သဘောသက်ရောက်သည့် ပြောကြားချက်များကြောင့် ဝေဖန်ခံရလျက်ရှိပြီး ဆရာထင်လင်းဦး၏ ပြောကြားချက်များသည် ပါတီနှင့်သက်ဆိုင်မှုမရှိပါကြောင်း နိုဝင်ဘာ ၁၈ရက်က NLD က သဘောထား ထုတ်ပြန်ခဲ့သေးသည်။

ယင်းအပြင် ဆရာထင်လင်းဦးကလည်း နိုဝင်ဘာ ၁၈ရက်က ရွာမပရိယတ်္တိစာသင်တိုက် ဆရာတော်ကြီး ဦးတိလောကထံသို့ သွားရောက် ဖူးမြော်ကန်တော့ပြီး ဆရာတော်ကြီးထံမှ အဆုံးအမသြ၀ါဒခံယူခဲ့သည်။

“ဆရာတော် သံဃာတော်ကြီးတွေအနေနဲ့ ဘာသာရေးကို ထိပါးပုတ်ခတ်ပြီးတော့ ဟောပြောတယ်လို့ ထင်မြင်ယူဆမှာ စိုးတဲ့အတွက် ဘာသာရေး၊ သာသနာရေးကို စော်ကားပုတ်ခတ်တာမဟုတ်ဘူး။ အချို့ အချို့သော အကြောင်းအရာတွေအပေါ်မှာ မူတည်ပြီးတော့သာ ပြောဆိုခဲ့ခြင်းဖြစ်တယ်။ ကျွန်တော်ပြောတဲ့ ရည်ရွယ်ရင်းကတမျိုး၊ ကျွန်တော်က သဘောပေါက်အောင်မပြောနိုင်ဘူးဆိုလို့ရှိရင် ဆရာတော်ကြီးတွေ စိတ် အနှောင့်အယှက်ဖြစ်မှာစိုးလို့ သွားပြီးတောင်းပန်တာပါ။ ဆရာတော်ကြီးကိုသွားပြီးတော့ တောင်းပန်တာ။ ဆရာ တော်ကြီးအနေနဲ့ ဆုံးမသြ၀ါဒပေးရန်ရှိတယ်ဆိုရင် အချိန်အခါမရွေး ခေါ်ယူဆုံးမပါလို့သွားလျှောက်တာပါ”ဟု ၎င်းက ပြောသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment