Tuesday, November 25, 2014

ရွှေပေါက္ကံ စက်မှုဇုံရှိ ငံပြာရည်စက်ရုံ မီးလောင်မှုဖြစ်ပွား

25 November 2014 12:11(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
လျှပ်စစ်မိန်းခလုတ် မီးအားမြင့်တက်ပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

၂၅.၁၁.၂၀၁၄ရက်နေ့ ၀၂၄၅ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ စက်မှုဇုန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ငံပြာရည်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ငံပြာရည်စက်ရုံ၏ မြေညီထပ် ပစ္စည်းများထားရှိသော ဂိုဒေါင်၌ တပ်ဆင်ထားသည့် လျှပ်စစ်မိန်းခလုတ် မီးအားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့ရာ ဂိုဒေါင်နှင့် စက်ရုံအဆောက်အဦအောက်ထပ်တို့အား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးသတ်ယာဉ်များနှင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၀၃၂၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ပေါ့ဆစွာသုံးစွဲအသုံးပြုသူ ညီညီမင်း (၂၃)နှစ်အား ရွှေပေါကံ္ကနယ် မြေရဲစခန်း(ပ)၁၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment