Tuesday, November 25, 2014

လိုင်ဇာ ပစ်ခတ်မှု တိုင်းရင်းသားလူငယ်တွေ ဆုတောင်းပွဲ ကျင်းပ

25 November 2014 12:20(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်း သင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တပ် မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ဆုတောင်းပွဲ တစ်ရပ်ကို တိုင်းရင်းသား လူငယ်တွေ စုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က လွတ်လပ်ရေး ကျောက်တိုင်မှာ မနေ့က ကျင်းပခဲ့ ပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို ခေါင်းဆောင်တွေသိဖို့အတွက် အခုလို ဆုတောင်းပွဲမှာ ပါဝင်တာဖြစ်ကြောင်း ကချင်လူငယ် အမျိုးသမီး အက်စတာနော် က ပြောပါတယ်။

" ငြိမ်းချမ်းရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာလည်း သမ္မတကြီးကိုယ်တိုင်ဥက္ကဌ အနေနဲ့ဦးဆောင်တဲ့အတွက်ကြောင့်မို့လို့ အများကြီးမျှော်လင့်ထားတယ်၊ ဒါပေမယ့် အခုလိုမျိုးကိစ္စတွေ ဖြစ်လာတဲ့အခါကျတော့ ငြိမ်းချမ်းရေးလုပ်ငန်း တစ်ခုလုံးကို ထိခိုက်လာတဲ့ အရေးဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးဟာ သွေးစွန်းထင်နေပြီ ဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ မေးချင်ပါတယ်၊ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ထိများ အသက်တွေ ပေးဆပ်ရဦးမှာလဲ၊ ဒီငြိမ်းချမ်းရေးအတွက်ကို မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသလို ခံစားရပါတယ်၊ ဒါပေမယ့် ဆက်ပြီးတော့ မျှော်လင့်နေချင်ပါသေးတယ်၊ ခေါင်းဆောင်ကြီးများ အနေနဲ့ ဆက်ပြီးတော့ ကျွန်မတို့ရဲ့နှလုံးသားတွေကို မရိုက်ချိုးပစ်ပါနဲ့"

ဆုတောင်းပွဲမှာ ကချင်၊ ရခိုင်၊ ချင်းစတဲ့ တိုင်းရင်းသား လူငယ် ၅၀ ၀န်းကျင်က အနက်ရောင် အင်္ကျီတွေ ဝတ်ပြီး ဘာသာအလိုက် ဝတ်ပြုဆုတောင်း ခဲ့ကြပါတယ်။တနင်္ဂနွေနေ့ကလည်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာရှေ့မှာ လူငယ်တစ်ရာဝန်းကျင်က ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီအတွင်း ကုလသမဂ္ဂကလည်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာ၊ အထူးသဖြင့် ကျေးရွာ တွေ နဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေ အနီးတ၀ိုက်မှာ ပစ်ခတ်မှုတွေဖြစ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း မနေ့ က ပြောဆိုပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment